မြန်မာ့လက်ရွေးစင် နောက်ခံကစား ဇော်မင်းထွန်းကို ဘန်ကောက်အက်(ဖ်)စီ အသင်းက ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင် ဖော်ပြထားသည်။ ဇော်မင်းထွန်းသည် အာဆီယံ ဘောလုံးကလပ်များတွင် ကစားခဲ့သည့် ဝါရင့်နောက်ခံကစားသမားတစ်ဦးဖြစ်ပြီး ဘန်ကောက်အက်(ဖ်)စီ၏ နောက်ခံကစားသမားအဖြစ်ခေါ်ယူခံရခြင်းဖြစ်သည်။ ဘန်ကောက်အက်(ဖ်)စီအသင်းသည် လက်ရှိ ထိုင်းလိဂ်(၂) ၏ အဆင့်ရပ်တည်မှု အဆင့်(၃)နေရာ၌ ရှိနေပြီး တန်းတက်ကစားရန် ရေပန်းစားနေသည့် အသင်းတစ်သင်းလည်းဖြစ်သည်။ ဘန်ကောက်အက်(ဖ်)စီအသင်း၏ နောက်ဆုံးကစားခဲ့သည့်ပွဲစဉ် (၂)ပွဲအတွင်းနောက်ခံကစားသမား လိုအပ်ချက်များကြောင့် ရှူံးနိမ့်မှုများရှိနေသည့်အတွက် ဇော်မင်းထွန်းကို အသင်း၏ နောက်ခံကစားသမားအဖြစ်ခေါ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဇော်မင်းထွန်းသည် ဘန်ကောက်အက်ဖ်စီသို့ မပြောင်းမီ ထိုင်းနိုင်ငံတွင် ဖူးခက်အသင်း၊ ဆူခိုထိုင်းအက်ဖ်စီ၊ ထရတ်အက်ဖ်စီ၊ နခွန်ပသိုယူနိုက်တက်အသင်းတို့တွင် ကစားခဲ့ဖူးသည့် အတွေ့အကြုံရင့် ကစားသမားတစ်ဦးဖြစ်သည်။ Source link