ylliX - Online Advertising Network

MNDAA/ TNLA/ KIA / PDF အကြမ်းဖက်အဖွဲ့များ အခြေပြုလှုပ်ရှား နေယ်မြေများတွင် တရားမဝင်စက်သုံးဆီများ သိုလှောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဇန်နဝါရီလ ၂  နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိစေရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ MNDAA/ TNLA/ KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက် အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ အချို့ဒေသများသို့ ပြည်မအတွင်းမှ စက်သုံးဆီများ သယ်ဆောင်ရောင်းချနိုင်ခြင်းမပြုနိုင်စေရေးအတွက် ပိတ်ဆို့ တားဆီးထားရှိသော်လည်း အချို့သောဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အချို့နေရာဒေသများတွင် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများ အသုံးပြုကာ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့သောကျေးရွာများတွင် ဆီသိုလှောင်ထားရှိရာ နေရာများပြုလုပ်၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများသို့ ပို့ဆောင်ကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ သိရှိရသည်။ စက်သုံးဆီများအား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ […]

ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သူအား နေပြည်တော်တွင် ဖော်ထုတ်ဖမ်းဆီး

၂၇. ၁၁. ၂၀၂၄Written by Thettant ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြောဆို၍ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူခဲ့သူ အမျိုးသမီးတစ်ဦးကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ မသမာသူများအနေဖြင့် လူမှုကွန်ရက် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူအတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည်ရယူမှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီးရမိရေး အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် Facebook လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ Facebook Group အတွင်း Amara Pan […]