ylliX - Online Advertising Network

ရေထွက်ကုန်တင်သွင်းလိုသူများအတွက် MACCS စနစ်ကို ဖေဖော်ဝါရီလတွင် စတင်မည်

#Local_NewsPublished 18 January 2025 ▪️ ပြည်တွင်းသို့ ရေထွက်ကုန်တင်သွင်းလိုသည့် လုပ်ငန်းရှင်များအတွက် အီလက်ထရောနစ်အခြေပြု မြန်မာအလိုအလျောက်ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System – MACCS) စနစ်ကို ဖေဖော်ဝါရီလတွင် စတင်သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။ ▪️ ထို့ကြောင့် သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ အကောက်ခွန်ဦးစီးဌာနတွင် MACCS User Code ဖြင့် E-Token များကို Company Letter Head ကတိခံဝန်ချက်လျှောက်လွှာ၊ လျှောက်ထားသူ၏ မှတ်ပုံတင်၊ IE Code၊ Application Form (UR-1)၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်လက်မှတ်များကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း၊ ထို့အပြင်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ ရေထွက်ကုန်ပစ္စည်းများတင်သွင်းခြင်းမပြုမီ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ထုတ်ကုန်/သွင်းကုန်လုပ်ငန်းမှတ်ပုံတင်၊ […]

EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)စာမေးပွဲများ ဖေဖော်ဝါရီလတွင် စတင်ဖြေဆိုရမည်

#Local_NewsPublished 16 January 2025 ▪️ EPS-TOPIK ကုန်ထုတ်လုပ်ငန်း (ဒုတိယအသုတ်)စာမေးပွဲများ ဖေဖော်ဝါရီလတွင် စတင်ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။ ▪️ ထုတ်ပြန်ချက်အရ ဖြေဆိုမည့်ဦးရေ ၃၇၉၅၇ ဦးရှိပြီး စာမေးပွဲများကို ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနှင့် မေလများတွင် ဖြေဆိုရမည်ဖြစ်ကြောင်း၊ ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ် စာတွေ့စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦး‌ရေ ၄၈၀၀၀ တွင် စာတွေ့အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။ ▪️ ထိုစာတွေ့အောင်မြင်သူဦးရေ ၅၅၄၀အနေဖြင့် ပြီးခဲ့သည့်နှစ်  နိုဝင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ […]