ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၇၀ ဦးကျော်ကို ဖမ်းဆီး ထားသည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၂၆ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူ ၇၀ ဦးကျော်ကို ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား၍ ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘုတလင်မြို့နယ် အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား မည်သည့် အကြောင်းနှင့်မျှ ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ များကသာ၎င်းတို့နှင့် အမြင်မတူသူများကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ် နေသည်ကို ပြည်သူအားလုံးအသိပင်ဖြစ်ကြောင်း၊ […]
လူသုံးဦးသေဆုံးကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့သော မြန်မာနှင့်နယ်စပ်အနီးရှိ ပျော်ပွဲရွှင်ပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၄ ရက်တွင် ပြောဆိုသည်။ ဒီဇင်ဘာ ၁၃ ရက်ညက တာ့ခ်ပြည်နယ် Umphang ခရိုင်တွင် ပြုလုပ်ခဲ့စသည့် ပွဲတော်၏ ကပွဲနေရာတွင် လက်လုပ်ဗုံးပေါက်ကွဲခဲ့သည် ဟု ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဖြစ်စဉ်အတွင်း လူနှစ်ဦးသည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး နောက်ပိုင်းတွင် ဆေးရုံ၌ နောက်ထပ်တစ်ဦး သေဆုံးခဲ့သည်ဟု ရဲက ပြောသည်။ ပွဲတော်လာသူ ၈,၀၀၀ မှ ၉,၀၀၀ ခန့်တွင် ပေါက်ကွဲမှုကြောင့် လူ ၄၈ ဦးဒဏ်ရာရခဲ့သည်ဟုလည်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းလူငယ်တစ်ဦးနှင့် မြန်မာဘက်မှ ကရင်လက်နက်ကိုင်တပ်ဖွဲ့ ကေအင်န်ယူ […]
၁၅. ၁၂. ၂၀၂၄Translated by Thettant မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသူ ထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ရေးလုပ်ငန်းစဥ်မပြီးပြတ်သေးသည့်အချိန်တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားငါးဖမ်းလုပ်သား ၆ ဦးကို လက်တုံ့ပြန် ဖမ်းဆီးလိုက်သည်။ မြန်မာနိုင်ငံမှ ငါးဖမ်းရေယာဉ် ပြည့်ဖြိုးလှိုင် – ၁၈ နှင့် မြန်မာနိုင်ငံသား ခြောက်ဦးကို တရားမဝင် ရေထွက်ကုန်များ မှောင်ခို သယ်ဆောင်မှုဖြင့် ရနောင်းမြို့တွင် ဖမ်းဆီးခဲ့ကြောင်း Thai Enquirer က ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြမှုအရ သိရသည်။ အဆိုပါ ပြည့်ဖြိုးလှိုင် – ၁၈ ငါးဖမ်းသင်္ဘောပေါ်တွင် တင်သွင်းခွင့် မရှိသော အလေးချိန် တန် ၄၀ ခန့်ရှိ ဆားထုပ် အိတ် ၂၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မြန်မာသင်္ဘောသားခြောက်ဦးအား ပက်နမ်ရနောင်း […]
မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ အုန်းဖန်မြို့မှာ စျေးပွဲတော် ကျင်းပနေချိန် ဗုံးပေါက်ကွဲလို့ လူ ၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့ လူငယ်တွေကို ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လူငယ်တွေအချင်းချင်း ရန်ငြှိုးရန်စနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ Doi Loi Fa ပွဲတော်မှာ လူထောင်ချီ ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေတုန်း လူငယ် ၂ ဦးက ဗုံးဖေါက်ခဲွ တိုက်ခိုက်ခဲ့တာကြောင့် လူ ၄ ဦးသေဆုံးပြီး၊ ၅၃ ဦး ဒဏ်ရာတွေ ရခဲ့တာပါ။ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ် ကုသမှု […]
စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်−မြန်မာနယ်စပ် မူဆယ်မြို့က ဒေသခံတွေအတွက် တနိုင်တပိုင် အစားအသောက်သယ်ယူခွင့်ကို တရုတ်က ဒီဇင်ဘာလ ၁ရက်ကစလို့ ပြန်ပြီးခွင့်ပြုလိုက်ပါတယ်။ ဒီအစီအစဉ်ကို စစ်ကောင်စီနဲ့ တရုတ်ရွှေလီမြို့ ပြည်သူ့အစိုးရဂိတ်ဆိုင်ရာ ရုံးခန်း တာဝန်ရှိသူတွေ ညှိနှိုင်းလုပ်ကြတယ်ဆိုပေမဲ့ တရုတ်က ဝင်လာတဲ့ပစ္စည်းတွေကို မြန်မာဘက်အခြမ်းမှာ မနေ့က ဝင်လာတဲ့ ပစ္စည်းတွေကို ဖမ်းဆီးစစ်ဆေးသိမ်းဆည်းခဲ့ပါတယ်။ တရုတ်−မြန်မာနယ်စပ်က ကုန်စည်သယ်ယူခွင့်အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ဂိတ်ကနေ မီးဖိုချောင်သီးနှံနဲ့ အသားငါးတွေ တနိုင်တပိုင်သယ်ယူခွင့်ကို တရုတ်ရွှေလီမြို့က တာဝန်ရှိသူတွေက မနေ့က တနင်္ဂနွေနေ့ ဒီဇင်ဘာလ ၁ရက်ကစလို့ ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။ စစ်ကောင်စီနဲ့ ရွှေလီမြို့က တာဝန်ရှိသူတွေ ညှိနှိုင်းပြီး ပြန်ဖွင့်ပေးလိုက်တယ်ဆိုပေမဲ့ တရုတ်ဘက်က သွင်းလာတဲ့ ပစ္စည်းမှန်သမျှကို မြန်မာဘက်မှာ ပြန်စစ်ပြီး တချို့ပစ္စည်းတွေကို အပြီးသိမ်းဆည်းတာတွေ ရှိနေတယ်လို့ မူဆယ်ဒေသခံတဦးက […]
ရခိုင်ပြည် အမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ဦးကို လက်နက်နှင့်အတူ ဖမ်းဆီးရမိကြောင်း ကျောင်းသားလက်ရုံးတပ်တော် SAF က ယမန်နေ့ နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၂၃ ရက်နေ့က အမ်း နောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တစ်မိုင်ကုန်းစခန်းမှ ဆုတ်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် SAF တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဗိုလ်မှူး ဇော်ထက်နောင် ဦးဆောင်သော စစ်ကြောင်းသည် တစ်မိုင်ကုန်းမှ ဆုတ်ခွာလာပြီး အမ်း-ပဒါန်းလမ်းတစ်နေရာ အရောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းက စောင့်ကြိုပိတ်ဆို့ တိုက်ခိုက်ခဲ့သည်ဟု SAF က ပြောသည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး သုံ့ပန်း ၁၄ ဦး၊ လက်နက် ၂ […]
ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား(၅)ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လူမှုကွန်ယက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည် တောင်း ခံမှုများ ဖြစ်ပွားနေကြောင်း ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များ၊ နည်းပညာဆိုင်ရာ အထောက်အကူပြုပစ္စည်းများမှ ရရှိသောအချက်အလက်များကိုအခြေခံကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ သက်ပိုင်(ခ)သက်ခိုင်(ခ) ဇော်သက်ပိုင် (၂၃)နှစ်၊ စိုးရာဇာဟိန်း(ခ)အောင်ထိုက်(ခ) လင်းမြတ်စံ(ခ)ကိုလင်း(၃၆)နှစ်၊ ဘိုဘိုထွန်း (၂၀)နှစ်၊ အောင်ဇာနည်ဖြိုး(၂၀)နှစ်၊ စိုးသီဟ(ခ)ဖြိုးသီဟဇော် (၃၂)နှစ်တို့(၅)ဦးအား လက်ကိုင်ဖုန်းမျိုးစုံ ၆ လုံး၊ နှင်းမောင်မောင်လွင် ၁၂/ထတပ (နိုင်) ၁၄၃၀၆၆၊ […]
နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီးတွင် ဖုန်းဖြင့်ဆက်သွယ်ကာ အယောင်ဆောင်ပြောဆို၍ ငွေကြေးများ အကြိမ်ကြိမ်လိမ်လည်ရယူခဲ့သူ တရားခံအမျိုးသား (၅) ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ လူမှုကွန်ယက်စာမျက်နှာများတွင် ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းခံမှုများ ဖြစ်ပွားနေကြောင်း ဖော်ပြပါရှိမှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မိမိ၏အမာခံ သတင်းပေးများ၊ ဒုစရိုက်မှုကို မလိုလားသည့် တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်များ၊ နည်းပညာဆိုင်ရာ အထောက်အကူပြုပစ္စည်းများမှ ရရှိသောအချက်အလက်များကို အခြေခံကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အမြန်လမ်းမကြီး (Zero) မိုင် တိုးဂိတ်၌ မကွေးတိုင်းဒေသကြီးမှ ရန်ကုန်တိုင်း ဒေသကြီးသို့ ပြေးဆွဲနေသည့် “နန်းထိုက်တော်ဝင်” ခရီးသည်တင်ယာဉ်ပေါ်မှ […]
ထိုင်းနိုင်ငံမှ ၁၈ဘီး ကုန်တင်ကားပေါ် တွင် တရားမဝင်ပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသားစုစုပေါင်း ၈ ဦး၊ကျား ၆ +မ ၂ ကို မဲဆောက်အဝင်တွင် ထိုင်းအာဏာပိုင်များက ပူးပေါင်းအဖွဲ့နှင့်အတူ မဲဆောက်အဝင်တွင် ဖမ်းဆီးရမိလိုက်ကြောင်းသိရသည်။ Source link
ရန်ကုန်၊ နိုဝင်ဘာ ၁၅ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာတွင် စစ်တပ် အိမ်ထောင်စု စာရင်းများ ကောက်ယူပြီး ပြည်သူ ၂ ဦးကို ဖမ်းဆီးသွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် ကော့သောင်းမြို့မှ အကြမ်းဖက်စစ်သားနှင့်ရဲ အင်အား ၃၀ ခန့်က စက်လှေအကြီးတစ်စီးဖြင့် လက်နက်ကြီး ၂ လက်၊ အခြား လက်နက်ခဲယမ်းပစ္စည်းများ တင်ဆောင်ကာ မာရေးကျေးရွာ ရဲစခန်းသို့ အင်အားဖြည့်တင်းခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ် သား၊ ရဲနှင့် ကျေးရွာအုပ်ချုပ်ရေးများက ယင်းကျေးရွာတွင် အိမ်ထောင်စုရင်းများ လိုက်လံကောက်ယူခဲ့ကြောင်း သိရ သည်။ “ရဲစခန်းကို လက်နက်ခဲယမ်းတွေဖြည့်တယ်၊ ပြီးတော့ ရဲစခန်းကိုကာဘို့ငါးပိုက်တွေလည်း ထားခဲ့ တယ်။ ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေ […]