တောင်ကြီး တန်ဆောင်တိုင်ကာလ အတွင်း ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၁၄၀)ကျော်ကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ရှေ့တန်းပို့နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ကတည်းက စတင်ပြီး တောင်ကြီးမြို့ပေါ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး ညဘက် ပေါ်တာဆွဲ ဖမ်းဆီးမှုများပါ ထပ်မံပြုလုပ်ခဲ့ပြီး တန်ဆောင်တိုင်ကာလတွင် ဖမ်းဆီးခံရသူ လူငယ် (၁၄၀ )ကျော် ရှိခဲ့သည်။ အဆိုပါ လူငယ် (၁၄၀)ကျော်ထဲတွင် အမျိုးသမီးများလည်း ပါဝင်နေပြီး ယခင်က ငွေပေးလျှင် ပြန်လွှတ်ပေးသော်လည်း ယခုအချိန်တွင် ငွေပေးလျှင်လည်း မရတော့ဘဲ ဖမ်းဆီးခံရသူများကို ကျိုင်းတုံဘက်သို့ စစ်သင်တန်း တက်ရောက်ခိုင်းကာ ရှေ့တန်းပို့လိုက်သည်ဟု ဖမ်းဆီးခံရသည့် လူငယ်များနှင့် နီးစပ်သူက ပြောသည်။ တန်ဆောင်တိုင်ပွဲတော် “တောင်ကြီးတန်ဆောင်တိုင် မတိုင်ခင်လေးက လူငယ်အများကြီး ROYAL တောင်ကြီးမှာ […]