စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို ဖမ်းဆီးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ထံက သိရသည်။ဒီဇင်ဘာ ၇ရက်နေ့ ည ၁၁နာရီအချိန်တွင် PNOပြည်သူ့စစ်အဖွဲ့သည် တွေပူးကျေးရွာ ရာသူကြီးကို နေအိမ်ပေါ်ထိ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးကြောင်း၊ မည်သည့်နေရာတွင် ဖမ်းဆီးသွားသည်ကို မသိရသေးပဲ ဒေသခံပြည်သူများကလည်း လိုက်လံစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တွေပူးကျေးရွာမှ ကျောင်းသူတဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ Continue Reading Source link
ရခိုင်ပြည် မြို့တော်စစ်တွေမှာ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၂၅ ယောက်ကို အောက်တိုဘာလ ၂၄ ရက်၊ ည ၇ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။ အင်အား ၁၀၀ ဝန်ုးကျင် ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကားတစ်စီး၊ ရဲအချုပ်ကားတစ်စီးတို့နဲ့ စစ်တွေမြို့ မင်းဂံရပ်ကွက်ထဲကို ဝင်ရောက်လာခဲ့ပြီး ဒေသခံတွေကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ စစ်တွေမြို့ မင်းဂံရပ်ကွက်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ဧည့်စာရင်း ဝင်စစ်တဲ့ ပုံစံ ဝင်စစ်တာ။ သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်တွေလည်း စစ်တယ်။ တချို့ကို ဖမ်းဆီးသွားတယ်။ မှတ်ပုံတင်မှာ စစ်တွေမဟုတ်တဲ့ သူတွေကို အဓိက ဖမ်းတာဖြစ်မယ်လို့ ထင်ပါတယ်”လို့ သူက ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ […]