ylliX - Online Advertising Network

မင်းအောင်လှိုင် တစ်သက်တာ ရှောင်ပြေးနေရမည့် အိုင်စီစီ ဖမ်းဝရမ်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ) ၏ တရားစွဲအရာရှိ Karim A.A. Khan KC က ခုံရုံးသို့ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဦးတိုက်လျှောက်ထားမှုသည် မြန်မာ့အရေး နိုင်ငံတကာ အသိုက်အဝန်း၏ ကြိုးပမ်းအဖြေရှာမှုများအထဲ နောက်ဆုံး ပေါ်ထွက်လာသော နည်းလမ်းတစ်ခု ဖြစ်လာပါသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ သော ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများကို သတ်ဖြတ် ရှင်းလင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ (Crimes against Humanity) ကျူးလွန်ခဲ့မှုများအတွက် မြန်မာစစ်တပ်၏ အကြီးအကဲ မင်းအောင်လှိုင်သည် အဓိက တာဝန်ရှိသူအဖြစ် ယုံကြည်ရကြောင်း သက်သေအထောက်အထားများ […]

ICC ဖမ်းဝရမ်း လျှောက်ထားခံရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

(မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨ ICC ဖမ်းဝရမ်း လျှောက်ထားခံရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီနေ့အဖို့ အပြောများဆုံး မြန်မာသတင်း အကြောင်းအရာက နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ်  ဖမ်းဝရမ်းထုတ်ဖို့ ICC အဖွဲ့ရဲ့ အမှုလိုက်ရှေ့နေချုပ် ဖြစ်သူက ICC တရားရုံးထံ လျှောက်ထားလိုက်တယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်  အခုလို အမှုစွဲဆိုဖို့ လျှောက်ထားရသလဲလို့မေးရင် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ဆိုတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုမှာ အမိန့်ပေးသူ၊ တာဝန်အရှိဆုံးသူ အနေနဲ့ တရားစွဲဆိုဖို့ရာ ဖမ်းဝရမ်းထုတ်ဖို့ အမှုလိုက်ရှေ့နေ (မြန်မာအရပ်အခေါ် ဆွဲချ ရှေ့နေ၊ ရုံးအခေါ် ဥပဒေအကျိုးဆောင်) […]

ICC က အစ္စရေးဝန်ကြီးချုပ်၊ ကာဝန်ဟောင်းနဲ့ ဟားမာစ်အဖွဲ့ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ် – Ayeyarwaddy Times

ICC က အစ္စရေးဝန်ကြီးချုပ်၊ ကာဝန်ဟောင်းနဲ့ ဟားမာစ်အဖွဲ့ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ် – Ayeyarwaddy Times Source link

စိုးဝင်းအပါအဝင် စစ်ဗိုလ်ချုပ် ၂၀၀ ကို ICJ က ဖမ်းဝရမ်း ထုတ်လိုက်ပြီဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ဖြန့်ထားတာဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၃ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီ ဗိုလ်ချုပ်တွေပါဝင်တဲ့ ဓါတ်ပုံတွေရယ် သတင်းကြေညာသူ တစ်ဦးရဲ့ ဓါတ်ပုံတွေကို သုံးထားပြီး ဓါတ်ပုံပေါ်မှာ “အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ ဒုတပ်ချုပ်စိုးဝင်းနဲ့ စစ်ဗိုလ်ချုပ်ကြီး ၂၀၀ ဦးကို ICJ မှ ဖမ်းဝရမ်း ထုတ်လိုက်ပြီ။ ပွဲသိမ်းပြီဟေ့” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ Video ကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူများစွာ ရှိနေပါတယ်။ သတင်းဆန်းစစ်ချက် စိုးဝင်းအပါအဝင် […]