အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Mike Johnson က အောက်လွှတ်တော်မှာ သြဇာကြီးမားတဲ့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ Mike Turner ကို ကော်မတီဥက္ကဋ္ဌတာဝန်ကနေ မနေ့ ဗုဒ္ဓဟူးနေ့က ဖယ်ရှားလိုက်ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီရဲ့ အောက်လွှတ်တော်ထောက်လှမ်းကော်မတီဥက္ကဋ္ဌ Ohio အောက်လွှတ်တော် အမတ် Mike Turner ဟာ ယူကရိန်းကို အကူအညီပေးတဲ့အပေါ် လူသိရှင်ကြားထောက်ခံသူဖြစ်သလို တခြားမတူညီတဲ့အမြင်တွေရှိတာကြောင့် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်နဲ့ သဘောထား မကိုက်ညီသူဖြစ်ပါတယ်။ Ohio အောက်လွှတ်တော်အမတ် Mike Turner အနေနဲ့ အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီကို ဆက်ပြီးတော့ ဦးဆောင်တော့မှာမဟုတ်ဘူးလို့ လွှတ်တော်ဥက္ကဋ္ဌ Johnson က သတင်းထောက်တွေကို မနေ့နှောင်းပိုင်းက ပြောပါတယ်။ အခုလို Mr. Turner ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်တာဟာ အမေရိကန်ရဲ့ထောက်လှမ်းရေးအသိုင်းအဝိုင်း နဲ့ ကော်မတီနဲ့ ဆက်စပ်နေတဲ့ […]
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ပလက်ဖောင်းများတွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးဆိုင်များ၏ ဆိုင်းဘုတ်နှင့် ကုန်ပစ္စည်းများကို ယမန်နေ့ ဇန်နဝါရီ(၂)ရက် ညနေပိုင်းအချိန်၌ ပထမအကြိမ် သတိပေးဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။ အဆိုပါ စည်းကမ်းမဲ့ဈေးဆိုင်များ ဖယ်ရှားရှင်းလင်းမှုကို တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ထိပ် တံတား (၁) ၊ အဝိုင်းပတ်မှစတင်၍ မြို့ပြင် ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အထိ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် နှင့် လမ်းဘေးပလက်ဖောင်းများတလျှောက်အလိုက်လံ စစ်ဆေးကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် မြို့တွင်းလမ်းမကြီးဘေးတဖက်တချက် ဆိုင်များအနေဖြင့် မိမိတို့ ပိုင်နက်ဥပစာကို ကျော်လွန်ကာ လမ်းများ၊ ပလက်ဖောင်းများ၊ ရေမြောင်းများပေါ်တွင် ကုန်ပစ္စည်းများ ခင်းကျင်းရောင်းချခြင်း၊ ကြော်ငြာ ဆိုင်းဘုတ်များအား လ မ်းနယ်နိမိတ်အတွင်းသို့ စည်းကမ်းမဲ့ ခင်းကျင်းချထားခြင်းတို့ကိုလည်း ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ စည်းကမ်းမဲ့ ဈေးဆိုင်များကို ဒီဇင်ဘာ (၁၅)ရက်တွင် ဖယ်ရှားပေးရန် […]