ylliX - Online Advertising Network

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဟု စစ်ခေါင်းဆောင်ထပ်ပြော – သျှမ်းသံတော်ဆင့်

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရမည်ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည်မဟုတ်ကြောင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက ထပ်လောင်းပြောဆိုလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက်နေ့က ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ် စိန်မေရီ ကာသီဒြယ် ဘုရားကျောင်းတွင် ပြုလုပ်သည့် ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲ၌ ထိုကဲ့သို့ စစ်အာဏာသိမ်းခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်း ကြုံတွေ့လာသည့် ပြဿနာများကို ဒီမိုကရေစီနည်းလမ်းဖြစ်သည့် တွေ့ဆုံ ဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံရေး ပြဿနာ တစ်နည်းအားဖြင့် နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင် လမ်းစဉ်ဖြင့် တောင်းဆို၍ ရနိုင်မည်မဟုတ်ကြောင်း ဆိုသည်။ ထို့အပြင် လက်နက်ကိုင် အကြမ်းဖက်မှုလမ်းစဉ်ကို မည်သည့်လူ့အဖွဲ့အစည်းကမျှ လက်မခံသကဲ့သို့ မိမိတို့ အားလုံးကလည်း ဆန့်ကျင်ကြရန်လိုကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း […]

မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက တိုင်ပင်ဆွေးနွေးပြီး အခက်အခဲပြဿနာများကို ဖြေရှင်းရမည်ဟု တရုတ်အစိုးရ ပြော

မြန်မာနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက တိုင်ပင်ဆွေးနွေးပြီး အခက်အခဲပြဿနာများကို ဖြေရှင်းရမည်ဟု တရုတ်အစိုးရ ပြော – Myanmar Transparency News Source link