ဂျပန်၊ ဖိလစ်ပိုင်နှင့် အမေရိကတို့သည် အာရှ၏ ရေပြင်ပိုင်နက်တွင် တင်းမာမှုများမြင့်တက်နေမှုနှင့် ရင်ဆိုင်ကြုံေတွ့ေနရသဖြင့် သုံးနိုင်ငံအစီအစဉ်ဖြင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိပြုခဲ့ကြကြောင်း ခေါင်းဆောင်သုံးဦး ဖုန်းဆက်သွယ်ပြောဆိုခဲ့အပြီးတွင် အဆိုပါသုံးနိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။ ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနှင့် ရာထူးမှဆင်းတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် အာရှစံတော်ချိန် တနင်္လာနေ့မနက်ပိုင်းက အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့ကြသည်။ စီးပွားရေး၊ ရေကြောင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာ အားကောင်း လာစေရေးနှင့် နက်ရှိုင်းစေရေး ကို ခေါင်းဆောင်များက သဘောတူခဲ့ကြသည်ဟု မားကို့စ်၏ ဆက်ဆံရေးရုံးက ပြောကြားခဲ့သည်။ နိုင်ငံတကာဥပဒေ၊ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ဝါရှင်တန်တွင် မားကို့စ်၊ ဘိုင်ဒင်နှင့် ယခင်ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါတို့၏ ပထမဆုံးအကြိမ် […]
အင်ဒိုနီးရှား-မြန်မာ ပွဲစဉ်အတွင်း ဆုံးရှုံးခဲ့ရသည့် ရမှတ်အတွက် ဖိလစ်ပိုင်နှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်အတွင်း အနိုင်(၃)မှတ်ရရန် ကြိုးစားသွားမည်ဟု မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပွဲကြိုစကား ပြောကြားပြန်သည်။ “ပထမပွဲမှာ အမှတ်ဆုံးရှုံးထားလို့ ကျွန်တော်တို့အတွက် ဒီပွဲစဉ်က အရေးကြီးပါတယ်။ အနိုင်(၃)မှတ်ရယူနိုင်ဖို့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပြိုင်ဘက် ဖိလစ်ပိုင် အသင်းကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ပြိုင်ဘက်အပေါ် လေးစားမှုရှိပါတယ်”ဟု ဆိုသည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဖိလစ်ပိုင် လက်ရွေးစင်အသင်းတို့သည် ASEAN Mitsubishi Electric Cup 2024 အုပ်စု (ခ)ပွဲစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Memorial Stadium တွင် ဒီဇင်ဘာ (၁၂) ရက် (မနက်ဖြန်) မြန်မာစံတော်ချိန် ညနေ (၅) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ ပွဲကြိုစကားပြောကြားရာတွင် […]