ylliX - Online Advertising Network

TNLA ထိန်းချုပ်နယ်မြေ မိုးကုတ်မြို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် 

TNLA ခေါ် တအန်းတပ်မတော်က သိမ်းယူထားတဲ့ မန္တလေးတိုင်း ဒေသကြီးက မိုးကုတ်မြို့ကို ဒီနေ့ နေ့ခင်း ၁၂နာရီခွဲကျော်မှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ၃ကြိမ်ထက်မနည်းလာရောက်ပြီး ဗုံး အလုံး ၂၀ကျော်ကြဲချခဲ့ပါတယ်။ ဗုံးကြဲချတဲ့နေရာဟာ မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်းဘက်မှာဖြစ်ပြီး လောလောဆည်တော့ အထိအခိုက်ရှိတယ်ဆိုတာ မကြားသိရသေးပါဘူး။ ဒေသခံတွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းအချို့က မိုးကုတ်ဂေါက်ကွင်းဘက်မှာ ကျောက်တူးဖော်တာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ကောင်စီက လာရောက်တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဂေါက်ကွင်းအနီးမှာ ဆေးရုံနဲ့ အထက ၁ စာသင်ကျောင်းတည်ရှိပြီး တိုက်ခိုက်ချိန်ဟာ အထက ၁ကျောင်းဆင်းချိန်အတွင်းဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။ မိုးကုတ်မြို့ဟာ ဖုန်း၊ အင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေကို ဆက်သွယ်ဖို့ အခက်အခဲရှိနေပြီး သတင်းအသေးစိတ်ရရှိဖို့ကိုတော့ VOA က စုံစမ်းနေဆဲဖြစ်ပါတယ်။ […]

မိုးကုတ်မြို့ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီထပ်မံ ဗုံးကြဲတိုက်ခိုက် – သျှမ်းသံတော်ဆင့်

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်သည့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်နေကြောင်းသတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၈ ရက်)နေ့ နေ့လယ် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် မိုးကုတ်မြို့ အရှေ့ဘက်ခြမ်း ဂေါက်ကွင်းအနီးကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မိုးကုတ်ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “နေ့လည်ပိုင်းကပဲ မြို့အရှေ့ဘက်ခြမ်းမှာ လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ မိုးကုတ်မှာက လိုင်းကလည်း မရဘူး။ ရတချက် မရတချက်ပေါ့။ အခုက ပြည်သူတွေ တော်တော်ထိတ်လန့်နေကြတယ်။ ထိခိုက်တာတော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။ မိုးကုတ် စစ်ကောင်စီလေကြောင်းဗုံးကြဲ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် (နိုဝင်ဘာလ ၁၁ ရက်)တွင် စစ်ကောင်စီ တပ်က မိုးကုတ်မြို့ လူအိပ်မောကျချိန်တွင် လေကြောင်းဖြင့် အထက် လယ်ဦးရပ်ကွက် နှင့်အနောက်ပိုင်း […]

ဆီဆိုင်မြို့နယ် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် နေအိမ် ၂လုံးပျက်စီး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီစုံကျေးရွာတွင် စစ်ကောင်စီတပ်မှ မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၆)ရက်နေ့ မနက် ၉ နာရီအချိန်တွင် စစ်ကောင်စီတပ်သည် ပအိုဝ်းလူမျိုးများနေထိုင်သည့် ထီစုံကျေးရွာကို မီးလောင်ဗုံးဖြင့် နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၂ အိမ် မီးလောင်ပျက်စီးခဲ့ကြောင်း PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီလက်အောက်ခံနှင့် ပအိုဝ်းပြည်သူစစ် PNO တပ်ဖွဲ့သည် တပ်စွဲထားသည့် လွယ်ထွဲကျေးရွာကနေ နေ့တိုင်းလိုလို ထီစုံကျေးရွာကို ဒရုန်းဖြင့် လှန်းပစ်နေတာကြောင်း ၂၀၂၄ ခုနစ် ဇန်နဝါရီ မှ စပြီး ယခုနှစ် (၂၀၂၅ ဇန်နဝါရီ ၆)ရက်ထိ ပြည်သူနေအိမ်စုစုပေါင်း ၂၄လုံး ထိ ပျက်စီးနေပြီဟု ခွန်ရိန်းယံက ဆက်ပြောသည်။ “လွယ်ထွဲကျေးရွာကနေ […]

နှစ်သစ်အစတွင် စစ်ကောင်စီမှ ဖယ်ခုံဘက်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အတွင်းသို့ ယခုနှစ်သစ်စပိုင်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲမှုပြင်းထန်စွာ ပြုလုပ်ဆောင် လာသည်ဟု စုံစမ်းသိရှိရသည်။ သျှမ်း- ကယား(ကရင်နီ) နယ်စပ်ဖြစ်သည့် ဖယ်ခုံမြို့နယ် ပီကင်းကျေးရွာနှင့် ဆောင်ပလန် ကျေးရွာကြားကို ပြီးခဲ့သည့် (ဇန်နဝါရီလ ၃ ရက်) နေ့ ညနေပိုင်းအချိန်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိကြောင်း ဒေသခံ အမျိုးသာားတစ်ဦးက ပြောသည်။ “ ပီကင်း နဲ့ ဆောင်ပလန် ကျေးရွာကြား မှာ ကြဲတာ။ ရွာပြင်ဖက်ပေါ့လေ ကြဲခံရတာက။ လူတော့ ထိခိုက်မှု မရှိဘူး။ နေအိမ်တစ်လုံးတော့ ပျက်စီးသွားတယ်။” ဟု ၎င်းအမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အလားတူ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁ရက်)ညနေပိုင်းတွင် ကရင်နီပြည် ဒီးမော့ဆို […]

PNLA ထိန်ချုပ်ထားသည့်ဒေသ စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ထိန်ချုပ်ထားသည့်  ကဒူးကြီးကျေးရွာအုပ်စု ဗန်းမက်ကျေးရွာအတွင်းသို့ စစ်ကောင်စီမှ လေကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃၁ ရက်)နေ့တွင် မောက်မယ်မြို့နယ် PNLA ထိန်ချုပ်ထားသည့် ဗန်းမက်ကျေးရွာကို စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း မောက်မယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲနေ့က အတော်တော်ကြားရတယ်။ ရုတ်တရက်ဆိုတော့ ကျနော်တို့လန့်တယ်။ လေယာဉ်သံက  အစောကတည်းကကြားတာ ထင်တာ ဒီတိုင်းပဲ ပတ်မောင်းတယ်ထင်လို့ ဘယ်ဟုတ်မလည် ဗုံးကြဲသွားတယ်။ အဲရွာက ဆေးပေးခန်းကိုလည်း ထိသွားတယ်။ အဆောက်အအုံထိခိုက်ပျက်စီးတာရှိတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိ ဒေသခံများသည် သျှမ်းပြည်မြောက်ပိုင်း ကဲ့သို့ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်း စစ်ကောင်စီ၊နှင့် PNA/PNO တို့သည် PNLA တပ်စခန်းရှိသည့် ဟူနမ့် […]

ကရင်နီ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုရှိ

ကရင်နီပြည် စစ်ရှောင်များ နေထိုင်နေသည့် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင်း စစ်ရှောင်ဒဏ်ရာရရှိသူ ရှိသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)နေ့ ညနေပိုင်းအချိန်တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မနေ့ကလည်း လာကြဲသွားတယ်။ နေ့တိုင်းဆက်တိုက် လေယာဉ်နဲ့ လာကြဲတာ တချို့နေရာက ဖုန်းလိုင်းမရတော့ ဆက်သွယ်လို့ မရတဲ့နေရာလည်း ရှိတယ်။ စစ်ရှောင်စခန်းကို သူတို့ ဦးတည်ပြီး လာကြဲတယ်လို့ ပြောလို့ရတယ်။ ဒဏ်ရာရတဲ့သူလည်း ရှိတယ်”ဟု ၎င်းက‌ ပြောသည်။ ဒီးမော့ဆို စစ်ရှောင်စခန်း ဗုံးကြဲခံရ ထို့အပြင် ပြီးခဲ့သည့် (ဒီဇင်ဘာလ ၃၁ ရက်) နှစ်သစ်ကူးညတွင် […]

ဖယ်ခုံ စစ်ရှောင်စခန်းကို ဒုတိယအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင် ကူညီနေသူ တစ်ဦးထံမှ သိရသည်။ “ လအိရွာနားဘက်က ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲသွားတာ။ လေယာဉ်နဲ့ ၆ ကြိမ်လာပစ်တယ်။ အရင်က ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခ န်းပဲ။ သူတို့က စစ်ရှောင်တွေကို အဓိက တိုက်ခိုက်နေတာ။ သတိနဲ့ နေကြရင်တော့ အကောင်းဆုံးပေါ့။” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ လေကြောင်း […]

ကွတ်ခိုင်မြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၁ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသား (၁) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာလ ၁ ရက်) နံနက်အစောပိုင်း ၃ နာရီခွဲကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ပေါ် ရပ်ကွက်(၂) စီမံကိန်းရုံး၊ အခွန်ရုံးနှင့် တိုးဂိတ်အနီးရှိ စက်မှုကျောင်းတို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီမနက်အစော ၃ နာရီခွဲ ဝန်းကျင်အချိန်မှာပဲ ဗုံးဆက်တိုက် လာကြဲသွားတယ်။ အမျိုးသားတစ်ဦး ဆုံးတယ်။ ကြဲသွားတာက ရပ်ကွက်(၂) စီမံကိန်းရုံးနဲ့ တိုးဂိတ်နားက စက်မှုကျောင်းဘက်မှာ လာကြဲသွားတယ်။ စီမံကိန်းရုံးတော့ တော်တော် ပျက်စီးသွားတယ်။ […]