ylliX - Online Advertising Network

နှစ်သစ်ကူးရက်အတွင်း စစ်ကောင်စီ၏ နိုင်ငံအနှံ့ ဗုံးကြဲမှု ဒါဇင်နှင့်ချီသေဆုံး

ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ မွန်ပြည်နယ် ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းများသို့ စစ်ကောင်စီလေတပ်က ၂၀၂၄ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးရက် ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း ဒါဇင်နီချီသေဆုံးပြီး အများအပြား ဒဏ်ရာရသွားသည်။ လွိုင်ကော်မြို့အရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီလေတပ်က ၂၀၂၄ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးရက် ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်တစ်ဦးအပါဝင် ၃ ဦး သေဆုံးသွားသည်။ ဆင်စခန်းဟုခေါ်သည့် ထိုစခန်းကို ညနေ ၄ နာရီဝန်းကျင်တွင် လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ရာ ၃၈ နှစ်အရွယ် အမျိုးသမီးနေရာတွင်ပင် သေဆုံးသည်။ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးနှင့် ၃ နှစ်အရွယ် ကလေးငယ်တို့မှာ ဆေးရုံးပို့ကုသစဉ် သေဆုံးသွားကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) […]

အုန်းဖန်ပွဲစျေး ဗုံးကွဲမှု လူငယ်နှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေ

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ အုန်းဖန်မြို့မှာ စျေးပွဲတော် ကျင်းပနေချိန် ဗုံးပေါက်ကွဲလို့ လူ ၄ ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကျူးလွန်တဲ့ လူငယ်တွေကို ဖမ်းဆီးထားပြီး စစ်ဆေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ လူငယ်တွေအချင်းချင်း ရန်ငြှိုးရန်စနဲ့ အခုလို တိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်အတွင်းမှာ နှစ်စဉ်ပြုလုပ်တဲ့ Doi Loi Fa ပွဲတော်မှာ လူထောင်ချီ ပျော်ပွဲရွှင်ပွဲ ပြုလုပ်နေတုန်း လူငယ် ၂ ဦးက ဗုံးဖေါက်ခဲွ တိုက်ခိုက်ခဲ့တာကြောင့် လူ ၄ ဦးသေဆုံးပြီး၊ ၅၃ ဦး ဒဏ်ရာတွေ ရခဲ့တာပါ။ ဒဏ်ရာပြင်းထန်ပြီး အရေးပေါ် ကုသမှု […]

AA ထိန်းချုပ်ထားသော တောင်ကုတ်မြို့သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု နေအိမ်များ မီးလောင်ပျက်စီး – Khit Thit Media

ရန်ကုန်| ဒီဇင်ဘာ ၁၀ ရခိုင်ပြည်တွင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော တောင်ကုတ်မြို့ကို အာဏာသိမ်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍ လူနေအိမ်များ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ည ၇ နာရီအချိန် စစ်ကောင်စီက ဂျက်ဖိုက်တစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်၍ ကံပိုင်ရပ်ကွက်မှ လူနေအိမ် ၈ လုံးမီးလောင်ပျက်စီးသွားကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း တောင်ကုတ်မြို့ထဲက လမ်းဆုံ၊ လမ်းခွများနှင့် မြို့ထွက်ပေါက်များကို ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူနေအိမ် ၁၅ လုံးထက်မနည်း ၊ ဘာသာရေးအဆောက်အဦးများပါ မီးလောင်ပျက်စီးသွားခဲ့ရကြောင်း သိရှိရသည်။ လက်ရှိတွင် တောင်ကုတ်တက္ကသိုလ်မှ စစ်ကောင်စီ တပ်စခန်းအပါအဝင် တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်းများအားလုံးကို အာရက္ခတပ်တော် AA […]

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်း ပျက် စီး – Khit Thit Media

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်း ပျက် စီး ရန်ကုန်၊ ဒီဇင်ဘာ ၇ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်း စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ် နွားထိုးကြီးမြို့နယ်၊ လုံးတောကျေးရွာနှင့် ကန်နှောင်းကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် […]

သိန္နီမြို့ စစ်ကောင်စီ အပြင်းအထန် ဗုံးကြဲမှု ထပ်မံပြုလုပ်

စစ်ကောင်စီသည် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ ၂၇ ရက် “၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်ပြည့်နေ့ ည ၉နာရီခွဲဝန်းကျင်အချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီ က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း၊ ထွေအုပ်ရုံးနှင့် နေအိမ်အဆောက်အဉီးများ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်က ပြောသည်။ “မနေ့ည ၉နာရီခွဲမှာ ဗုံးထပ်ကြဲသွားတယ်။ ထွေအုပ်ရုံးမှာ ချသွားတာ ကင်းစောင့်တဲ့သူ ၂ ဦးပျောက်သွားတယ်။ အဆောက်အအုံအောက်မှာပဲ ပိမိတာလားမသိဘူး။ ခုတော့ သန့်ရှင်းရေးလုပ်ပြီး ရှာဖွေနေတုန်း။ အဆောက်အအုံးတော့ တော်တော်များများ ပျက်စီးနေတယ်”ဟု ၎င်းကပြောသည်။ သိန္နီမြို့ပေါ် စစ်ကောင်စီ ဗုံးကြဲ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၅ […]