ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုလို့ ဒေသခံ (၁၀)ဦးသေဆုံးပြီး (၂၀)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၂၅) လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ကျောက်မဲမြို့ အင်ကြင်းတောင်ရပ်ကွက်မှာ မနေ့က နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေ ၆နာရီခွဲအချိန် စစ်ကောင်စီတပ်က လေကြောင်းမှတဆင့် ပေါင်(၅၀၀)ဗုံး (၂)လုံး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဲ့ဒီရပ်ကွက်ရှိ ဒေသခံ (၁၀) ဉီးထိမှန်သေဆုံးပြီး (၂၀)ကျော် ထိမှန်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းတွေကို လိုက်လံရှာဖွေရှင်းလင်းနေတယ်လို့ သိရပါတယ်။၎င်းဗုံးကြဲတိုက်ခိုက်မှုဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TNLA က စစ်ရေးတင်းမာမှုတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ TNLA ဘက်က ဗုံးကြဲခံပြည်သူတွေကို […]
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ (၃)ဦး သေဆုံးပြီး (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထုတ်ပြန်ချက်အရ သိရပါတယ်။မနေ့က နိုဝင်ဘာလ ၁၇ရက်နေ့ ည ၁၁နာရီကျော်မှာ ကွတ်ခိုင်မြို့ ရပ်ကွက် (၄)မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး (၂)ဦး သေဆုံးသွားခဲ့ပြီး အမျိုးသား (၇)ဦးနဲ့ အမျိုးသမီး (၆)ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။အလားတူ နိုဝင်ဘာလ (၁၇)ရက်နေ့က မိုင်းငေါ့မြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ(၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နိုင်ဝင်ဘာ ၁ ရက်နေ့လည်း […]