ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မံစီမြို့နယ်များတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မံစီအခြေစိုက် ခြေမြန်တပ်ရင်းဌာနချုပ်တစ်ခု၏ တပ်ရင်းမှူးဖြစ်သူ စခန်းတွင် မရှိတော့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောသည်။ နယ်မြေချင်းထိစပ်နေသည့် ထိုမြို့နယ်များရှိ အခြေစိုက် စစ်စခန်းများကို KIA က ထိုးစစ်ဆင်နေသည်မှာ ဒီဇင်ဘာလဆန်းပိုင်းကတည်းက ဖြစ်သည်။ မံစီတွင် အမှတ် (၃၁၉) ခြေမြန်တပ်ရင်းဌာနချုပ်စခန်း၏ အုပ်ချုပ်သူ စခန်းတွင် ရှိမနေကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ “၃၁၉ တပ်ရင်းမှူးကတော့ (တပ်စခန်း) အပြင်ဘက် ရောက်သွားတယ်။ ဒါကတော့ သေချာတယ်။ သေတာလား၊ ရှင်တာလားတော့ ကျွန်တော်လည်း မသိဘူး။ ကျန်တာက ထူးတာမရှိဘူး” ဟု ၎င်းက ပြောသည်။ အခြားသတင်းအရင်းမြစ်တစ်ဦးကလည်း မံစီမြို့အခြေစိုက် တပ်ရင်းနှစ်ခုအနီး တိုက်ပွဲများ ဆက်လက်ဖြစ်နေသည်ဟု […]