စစ်အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာပြည်သူတွေအနေနဲ့လက်နက်ကိုင်အဖွဲ့တွေကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တိုက်တွန်းပေးဖို့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီစနစ် လိုလားတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုနေပေမယ့် တကယ့်လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံပြီး လက်နက်ကိုင် ပဋိပက္ခတွေကို ဖန်တီးနေကာ ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့ရဲ့နှစ်သစ်မိန့်ခွန်းမှာ အခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။ နောက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ ဖြစ်ချင်တာ၊ ဖြစ်သင့်တာတွေကို ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်သင့်တယ်လို့လည်း ဆိုသွားပါသေးတယ်။ အာရက္ခတပ်တော် ညီနောင်မဟာမိတ်အဖွဲ့တွေ စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်ချိန် စစ်တိုင်းတချို့ ကျဆုံး အဆင့်မြင့်ရာထူးကြီးတွေပါ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ရေးနိမ့်နေချိန်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ သူ့တပ်ဖွဲ့ဝင်တွေနဲ့ပတ်သတ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ သူ့တပ်ဖွဲ့ဝင်တွေအနေနဲ့ […]
မြန်မာစစ်တပ်အတွင်း ထိပ်ပိုင်းရာထူးတချို့ အပြောင်းအလဲဖြစ်ပြီး၊ အရေးပါတဲ့ ကြည်းရေလေ ညှိုနှိုင်းကွပ်ကဲရေးမှုးအဖြစ် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းဖြစ်လာပါတယ်။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲနဲ့ပတ်သက်လို့ သုံးသပ်ချက်တွေ ကိုဝင်းမင်း စုစည်းတင်ဆက်ထားပါတယ်။ Source link
မြန်မာစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကြည့်မယ်ဆိုရင် တရုတ်အစိုးရနဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်စလုံး အကျိုးစီးပွားအပေါ်မှာ တည်နေတယ်လို့ သုံးသပ်ယူဆကြပါတယ်။ တရုတ်ဘက်က ပထဝီအကျိုးစီးပွားရှိသလို၊ စစ်ကောင်စီဘက်မှာလည်း လုံခြုံရေးဆိုင်ရာအကူအညီလိုအပ်ချက်ကြောင့် ဖြစ်မယ်လို့ ယူဆကြတာပါ။ ကိုဝင်မင်းဆက်သွယ်မေးမြန်းထားပါတယ်။ တရုတ်ဝန်ကြီးချုပ် Li Qiang က တရုတ်ရဲ့ အိမ်နီးချင်း သံတမန်ရေးမှာ မြန်မာကို အရေးပါတဲ့နေရာ အမြဲထားပြီး နိုင်ငံရေးပြန်လည်သင့်မြတ်ရေးနဲ့ အပြောင်းအလဲတွေ ဖြစ်ရေး ကူညီနေတယ်လို့ပြောပြီး၊ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ ငြိမ်းချမ်းသင့်မြတ်ရေးနဲ့ လူမူစီးပွားအကူအညီပေးတာကို ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့တာကို Xinhua သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုလို တရုတ်ကနေ ဖိတ်ခေါ်မှာကို အာဏာသိမ်းပြီးကတည်းက ကြိုးပမ်းလာပေမဲ့ အရင်တောက်လျှောက် ငြင်းပယ်ခံခဲ့ရတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မှာ နှစ်ဖက် ပြောင်းလဲလာတာကို အမေရိကန်ငြိမ်းချမ်းရေးအဖွဲ့ USIP က မြန်မာဆိုင်ရာ ညွန်ကြားရေးမူး […]