ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ ၁8၀၂၅ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆို ရန်ကုန် မတ် ၁၆ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့အား ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။ ယနေ့ ဘာသာရပ်နှစ်မျိုးဖြေဆိုသောနေ့တွင် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၉၈၉၉ ဦးဖြေဆိုခဲ့ပြီး ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျောင်းသူ တစ်ဦးနှင့် အင်းစိန်အကျဉ်းဦးစီးဌာနရှိ အမှတ်(၁၃) အခြေခံပညာအလယ်တန်းကျောင်းစာစစ်ဌာန၌ အကျဉ်းသားခုနစ်ဦးတို့က ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ရူပဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၈၁၂၆ ဦးဖြေဆိုခဲ့ကြပြီး ကမာရွတ်မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ ကျောင်းသူနှစ်ဦးတို့သည် […]
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို ဆက်လက်ဖြေဆို
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို ဆက်လက်ဖြေဆို နေပြည်တော်၊ မတ် – ၁၆ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ဆဋ္ဌမနေ့အဖြစ် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ဖြေဆိုလျက်ရှိသည်။ ဦးစွာ စာမေးပွဲ ဖြေဆိုခြင်း မပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြသည်။ ယင်းသို့ ကျောင်းသား၊ ကျောင်း သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များ၌ သက်ဆိုင်ရာ […]