ylliX - Online Advertising Network

တောင်ကိုရီးယား သမ္မတကတော် စာခိုးချပြီး ကျမ်းပြုခဲ့တယ်လို့ တက္ကသိုလ် ဘုတ်အဖွဲ့ဆို

  ဇန်နဝါရီ – ၁၀ ( သောကြာနေ့ )  လွှတ်တော်က စွပ်စွဲပြစ်တင်ခြင်းခံနေရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk-yeol ယွန်ဆက်ယိုရဲ့ ဇနီး ကင်ကီအွန်ဟီ သည် သူမရဲ့ မဟာဘွဲ့ယူစာတမ်းကို ခိုးချယူရှိခဲ့တယ်လို့  ဆွတ်မြောင်အမျိုးသမီးတက္ကသိုလ် က ဆိုလိုက်ပါတယ်။ ကြာသပတေးနေ့ထုတ် South China Morning Post ရဲ့ သတင်းတစ်ခုမှာ  ကင်ရဲ့ ၁၉၉၉ ဘွဲ့လွန်ကျောင်းသို့ တင်သွင်းခဲ့သည့် ပညာရေးဘွဲ့လွန်စာတမ်းကို ၂၀၂၂ ခုနှစ်မှာ စတင်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ တွေ့ရှိချက်များအရ သူမက စာတမ်းကို ခိုးချပြီးရေးသားခဲ့တယ်လို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။  တက္ကသိုလ်သည် ၎င်း၏တွေ့ရှိချက်များကို ကင်မ်အား ဒီဇင်ဘာလတွင် ပေးအပ်ခဲ့ပြီး တွေ့ရှိချက်ကို ပြန်လည် ပြုပြင်ရန်အတွက် ဇန်နဝါရီလကုန်အထိ အချိန် ပေးခဲ့ပါတယ်။ […]