မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကုက္ကိုစုရွာအပါအဝင် ပြည်သူ့စစ်ကျေးရွာများမှာ စားနပ်ရိက္ခာလိုအပ်နေမှု၊ PDF အကြမ်းဖက်သမားများကို တုန့်ပြန်ခြေမှုန်းနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်မှုအခြေအနေများကို ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရဲ့ ဆက်သွယ်အကူအညီတောင်းခံမှုများအပေါ် အခြေခံပြီး ပေါက်ကိုယ်တော် အနေနဲ့လည်း တာဝန်ရှိသူများ ကူညီဆောင်ရွက်ပေးဖို့ အကြိမ်အခါခါ တင်ပြခဲ့တာရှိသလို မီဒီယာများမှလည်း ဆက်သွယ်ပြောဆိုလာသည့် အခါတိုင်း ဖော်ပြပေးခဲ့ပါတယ်။ တာဝန်ရှိသူများရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ဆိုတာ ဘယ်သူအတွက်လည်း ကိုယ့်အတွက်လား၊ အများပြည်သူအတွက်လား ဆိုတာကို တာဝန်နဲ့ လုပ်ပိုင်ခွင့် ရှိသူများ ကိုယ်တိုင် ပြန်လည်ဆန်းစစ်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ယခုလို အကြမ်းဖက်ဘေးဒဏ်သင့်နေတယ်။ ဒါကို မြို့နယ်အဆင့်ကလည်း ကူညီဖြေရှင်းမပေးနိုင်ဘူးဆိုရင် ခရိုင်အဆင့်ကို တင်ပြလို့ရတယ်။ ခရိုင်အဆင့်က ကူညီမှုမပေးနိုင်ဘူးဆိုရင် တိုင်းဒေသကြီးအဆင့်ထိ တင်ပြလို့ ရတယ်။ ပေါက်မြို့နယ်အတွင်းက ပြည်သူ့စစ်ကျေးရွာများမှာ စားနပ်ရိက္ခာလိုအပ်နေမှုအခြေအနေ၊ […]
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းပေါ်က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ရဲ့ ခြံအမှတ် ၅၄ အမွေဆိုင်အမှုရဲ့ အိမ်နဲ့ ခြံ ကြမ်းခင်းလေလံစျေးကို ဦးအောင်ဆန်းဦးဘက်က ၁၀ ဘီလျံ လျှော့သတ်မှတ်ပေးဖို့ ပြီးခဲ့တဲ့ရုံးချိန်းတွေမှာ တရားရုံးကိုတင်ပြခဲ့ပေမယ့် တရားရုံးကပယ်ချပြီး ၃ဘီလျံသာလျှော့ချခဲ့တယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၁၈ ရက် ကြားနာမှု ဦးအောင်ဆန်းဦးရဲ့ ၁၀ ဘီလျံ လျှော့ပေးဖို့ တင်ပြချက်ကို တရားရုံးက ပယ်ချခဲ့တာဖြစ် ပြီး ယခင်ကြမ်းခင်းဈေးငွေကျပ် ၃၀၀ ဘီလျံ ကနေ ၂၉၇ ဘီလျံ သတ်မှတ်ပြီး ၃ ဘီလျံသာ လျှော့ချသတ်မှတ်ပေးလိုက်တာပါဒါအပြင် ဦးအောင်ဆန်းဦးဟာ လေလံပွဲကို ခြံရှေ့မှာမလုပ်ဘဲ တရားရုံးမှာလုပ်ဖို့ နဲ့ အိမ်နဲ့ခြံအတွင်း ဝင်ရောက်ကြည့်ရှုခွင့် စတဲ့လျှောက်ထားချက် ၂ ခုကိုလည်း တရားရုံးကို လျှောက်ထားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ […]
ဝါရှင်တန်၊ဒီဇင်ဘာ ၁၂ SpaceX တည်ထောင်သူ Tesla စီအီးအို အီလွန်မတ်စ်သည် ပိုင်ဆိုင်မှုဒေါ်လာ ၄၀၀ ဘီလျံရှိသည့် သမိုင်းတစ်လျှောက် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း Bloomberg Billionaires Index ၏ဖော်ပြချက်အရသိရသည်။ SpaceX ၏ မကြာသေးမီက အတွင်းပိုင်းရှယ်ယာရောင်းချမှုများက မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုကို မြှင့်တင်ပေးခဲ့ပြီး ရှယ်ယာအရောင်းအ၀ယ်က ၎င်း၏ပိုင်ဆိုင်မှုကြိ ဒေါ်လာ ၅၀ ဘီလျံအထိ မြင့်တက်စေခဲ့သည်။ ယင်းအပြင် SpaceX ရဲ့ စုစုပေါင်းတန်ဖိုးကို အမေရိကန်ဒေါ်လာ ၃၅၀ ဘီလျံအထိရှိလာစေခဲ့ပြီး ဤအနေအထားကြောင့် SpaceX ကို ကမ္ဘာ့တန်ဖိုးအရှိဆုံးပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်မှုကိုလည်းခိုင်မာစေခဲ့သည်။ SpaceX ရှယ်ယာရောင်းချမှုနှင့် Tesla ၏စတော့စျေးနှုန်းများမြင့်တက်မှုကြောင့် မတ်စ်၏ အသားတင်ပိုင်ဆိုင်မှုသည် ဒေါ်လာ ၄၄၇ ဘီလျံအထိတက်လာခဲ့သည်။Tesla ၏ရှယ်ယာများသည်လည်း အမြင့်ဆုံးတန်ဖိုးအဖြစ် ၄၁၅ ဒေါ်လာအထိရောက်ရှိခဲ့သည်ဟုသိရသည်။ […]
ဖြစ်နိုင်သမျှ တိုက်ပွဲတွေ ရပ်တန့်ကြဖို့၊ ငြိမ်းချမ်းသောနည်းလမ်းကတစ်ဆင့် သဘောထားကွဲလွဲမှု တွေကို ဖြေရှင်းကြဖို့ တင်းမာမှုအရှိန်မြှင့်တာ ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်း တွေကို တိုက်တွန်းတယ်လို့ ၎င်းက ပြောပါတယ်။ကိုးကန့်တပ်ဖွဲ့ (MNDAA) က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့အတူ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတဲ့ဆန္ဒရှိတယ်လို့ လင်ကျင်းက ပြောပါတယ်။လင်ကျင်းက MNDAA ရဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ကို အပြုသဘောဆောင်တဲ့ မှတ်ချက်ပြုခဲ့ပြီး တည်ငြိမ်မှုကိုဉီးစားပေးဖို့ အဖွဲ့အစည်းအားလုံးအတွက် လိုအပ်တယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံဟာ လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA နဲ့ တအာင်းတပ် TNLA အပေါ် ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ညီနောင် ၂ဖွဲ့က ဆွေးနွေးကြဖို့ အသီးသီးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်.“တရုတ်နယ်စပ်ဒေသတွေ၊ နယ်စပ်ဒေသတွေမှာနေထိုင်တဲ့ တရုတ်ပြည်သူတွေ၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေ၊ ကုမ္ပဏီတွေနဲ့ […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း(၂)ယောက်တွဲ အဖွဲ့လိုက်(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘတ်စကက်ဘော(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၄ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ပေါင်းလောင်း၊ ရွှေကြာပင်၊ လယ်ဝေး TC-2 ဘောလုံးကွင်းများတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး (အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ် (၃ ၊ ၄) ၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ဘောလုံးကွင်းများတွင်လည်းကောင်း၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌လည်းကောင်း၊ ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံ တို့၌ […]
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲနှင့် ဘတ်စကက်ဘော (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များဆက်လက်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၃ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ပေါင်းလောင်း၊ ရွှေကြာပင်၊ လယ်ဝေး TC-2 ဘောလုံးကွင်းများတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိလေ့ကျင့်ကွင်းအမှတ် (၃ ၊ ၄) ၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ်ဘောလုံးကွင်းများတွင်လည်းကောင်း၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌လည်းကောင်း၊ ဘတ်စကက်ဘော(အမျိုးသား)ပြိုင်ပွဲများကို ရွှေကြာပင်အားကစားရုံတို့၌လည်းကောင်း ကျင်းပခဲ့ရာ ပြိုင်ပွဲများသို့ ဒုတိယဝန်ကြီးများ၊ တပ်မတော်မှအရာရှိကြီးများ၊ […]
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအဆင့် ဘောလုံး(အမျိုးသား)ပြိုင်ပွဲနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များစတင်ကျင်းပ နေပြည်တော်၊ ဒီဇင်ဘာ ၂။ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ရာ ဝန်ကြီးဌာနအဆင့် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို ပေါင်းလောင်း၊ ရွှေကြာပင်၊ လယ်ဝေး TC-2 ဘောလုံးကွင်းများတွင်လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် (အမျိုးသား/ အမျိုးသမီး) ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ် (၃ ၊ ၄) ၊ ဘောဂဝတီကွင်းနှင့် လယ်ဝေးမြို့နယ် ဘောလုံးကွင်းများတွင်လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး)ဖူဆယ်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိဖူဆယ်ရုံ၌လည်းကောင်း၊ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B) တို့၌ ကျင်းပခဲ့သည်။ ယနေ့ အားကစားပြိုင်ပွဲများဖြစ်သည့် […]