နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ပုလဲမြို့မှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ထိတိုက်ပွဲတွေ ဖြစ်နေပြီး သုံးရက်မြောက်ပြီဖြစ်တဲ့ ပုလဲတိုက်ပွဲကို စစ်ကောင်စီက လေကြောင်းကနေ ပြန်လည်ခုခံဖို့ကြိုးစားနေပါတယ်။ ပုလဲမြို့ကို ဗိုလ်နဂါးခေါင်းဆောင်တဲ့ BNRAတပ်တွေက စီးနင်းတိုက်ခိုက်နေရာ၊ စစ်အုပ်စုဘက်က အထိနာနေတာပါ။ ခုဆိုရင်တော်လှန်ရေးတပ်တွေဟာ လျှပ်စစ်ရုံးအပါအဝင် မြို့ရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးအထိ စိုးမိုးထားနိုင်ပြီး စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကို သတိထားနေရပါတယ်။ နိုဝင်ဘာ ၁၁ ရက်မှာ တိုက်ပွဲစတင်ခဲ့တာ ဖြစ်ပြီး အထိနာသွားတဲ့ စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ၅ကြိမ် ဗုံးအလုံး ၂၀၊ ဒီနေ့မှာတော့ မနက် ၈နာရီ ၂၂မိနစ်မှာ ဂျက်ဖိုက်တာနဲ့ဗုံးသီး၃လုံး၊ မနက် ၁၁နာရီ ၄၈မိနစ်မှာ ဂျက်ဖိုက်တာ၊ မွန်းလွဲ၁နာရီအချိန်မှာ Mi 35၊ တွေနဲ့ ၁၂ကြိမ်ထက်မနည်း ဗုံးကြဲခုခံနေတာလို့သိရပါတယ်။ […]