ရန်ကုန်၊ ဇန်နဝါရီ ၁၆ အရိယာမဏ္ဍိုင်တောရရိပ်သာ ဆရာတော်၏ ဟောကြားမှုများနှင့် ပတ်သက်၍ သံဃမဟာနာယက ဆရာတော်ကြီးများအနေဖြင့် ဓမ္မနှင့် အဓမ္မအဆုံးဖြတ်ပေးနိုင်ရန် ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား) ဦးဆောင်သော စောဒကများက အမှုတွဲသုံးခု တင်ပြခဲ့သည်။ ထိုသို့ တင်ပြထားသည့်အတောအတွင်း အရိယာမဏ္ဍိုင် တောရရိပ်သာဆရာတော် ဦးသူရိယ ၏ တပည့်က ဆရာဦးအောင်မြိုင် (မစိုးရိမ်စာသင်သား)နှင့် ဦးအောင်အောင်ဇော်တို့ကို လှည်းကူးမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုရာမှ အရပ်ဘက်တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရသည်။ အဆိုပါ မှုခင်းကိစ္စနှင့် ပတ်သက်၍ ဦးအောင်မြိုင် က “မှုခင်းကိစ္စနဲ့ ပတ်သက်လို့ မမှန်မကန် ဖောက်ဖောက်ပြန်ပြန် ပြုလုပ်ခဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေ ဖြစ်တယ်ဆိုတာ အစည်းအဝေးများ တင်သွင်းမှုများ ဆွေးနွေးဆုံးဖြတ်မှုများကို သက်ဆိုင်ရာက စစ်ဆေးကြည့်ရင် ပေါ်ပါတယ်။ တစ်ဖွဲ့လုံးက မမှန်မကန် ဖောက်ဖောက် ပြန်ပြန် လုပ်ခဲ့ကြတာတော့ […]