ylliX - Online Advertising Network

မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထု ညစ်ညမ်းမှု တားဆီးကာကွယ်ရေး နှစ်နိုင်ငံဆွေးနွေး

မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး နိုင်ငံတကာ ဥပဒေများ၊ သက်ဆိုင်ရာ ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ မူဝါဒများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဟု မြန်မာ-ထိုင်း နယ်နိမိတ်ဖြတ်ကျော်မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကိုလေးက ပြောကြားလိုက်သည်။ မြန်မာ – ထိုင်း နယ်နိမိတ်ဖြတ်ကျော် မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ရေးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ(၁၃)ရက်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၉) ရက်က ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် မြူကင်းစင်သော ကောင်းကင် (Clear Sky Strategy) မဟာဗျူဟာဆိုင်ရာ ပူးတွဲလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရာတွင် တောမီးလောင်ကျွမ်းမှု ထိန်းချုပ်ရေး၊ မီးငြှိမ်းသတ်ရေးစနစ်၊ စောင့်ကြည့်ရေးစနစ်၊ စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် […]