လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၂၄) ရက်နေ့၌ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၂၀၀) ဦးတို့အား ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးမှုများ၊ သဘာဝဘေးနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များ၊ မီးခိုးညစ်ညမ်းမှု၊ တောမီးအန္တရာယ်နှင့် ပလတ်စတစ်ညစ်ညမ်းမှုနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား နံနက် (၀၉:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီအချိန်ထိ ဆွေးနွေးဟောပြောခဲ့ပြီး နံရံကပ်ပိုစတာနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Dec_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး Source link
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လှေကျင်းရပ်ကွက်၊ (၄)လမ်း၌ (၃-၁၂-၂၀၂၄) ရက်နေ့ (၀၅း၁၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝိ/-)၊ တန်ဖိုး(၁၅၇,၃၃၈ိ/)ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (စက္ကူပုံးပါ)(၁)ပုံး၊ စုစုပေါင်းလူဦးရေ (၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၀,၅၀၀ိ/-)ကျပ် ၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၃၆၇,၈၃၈ိ/-)ကျပ်တို့အား (၄-၁၂-၂၀၂၄)ရက်နေ့ (၁၆း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_dec_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ) Source link
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရေလိမ်ကျေးရွာအုပ်စု၊ ကန့်လန့်စုကျေးရွာနှင့်ကျွဲပျိုကျေးရွာ၌ (၃၁-၁၀-၂၀၂၄) ရက်နေ့ (၁၆း၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၂၀၀,၀၀ဝ/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ (၂)ပုံး (၂၁၅,၃၅၆) အိမ်ထောင်စု(၂)စုမှ လူဦးရေ (၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၈,၉၀၀ိ/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄၃၄,၂၅၆/-) အား (၁-၁၁-၂၀၂၄)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတွင်ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_Sgw #ayy_nov_2024 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံးနှင့် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ) Source link