ရခိုင်ပြည်နယ်နေ့မှာ အာရက္ခတပ်တော် AA ကိုလက်နက်ချဖို့ပြောတဲ့ စစ်ရှုံးမင်းအောင်လှိုင်ရဲ့ စစ်တပ်ကို အသက်ရှင်ချင်ရင်စောစောအလံဖြူထောင်ကြဖို့ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ ထဲက စစ်သားရာနဲ့ချီလံဖြူထောင် လက်နက်ချလာတဲ့ ရုပ်သံနဲ့တကွ AA က သတိပေးလိုက်ပါတယ်။ဒီဇင်ဘာ ၁၅ရက်မှာကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့မှာ ရခိုင်မှာ မြို့ပေါင်း ၁၂မြို့ထိ လက်လွှတ်ထားရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာရက္ခတပ်တော် AA ကို လက်နက်စွန့်ဖို့ ပြောကြားပြီးနောက် ဒီဇင်ဘာ ၁၆ရက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်အင်အားရာချီအလံဖြူထောင်လာတဲ့ ရုပ်သံဖိုင်နဲ့တကွ အသက်ရှင်ချင်ရင်စောစောအလံဖြူထောင်ကြဖို AA ဘက်က တုံ့ပြန်လာတာ ဖြစ်ပါတယ်။အဲဒီရုပ်သံမှာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဆိုးရွားတဲ့ အနေအထား၊ အလံဖြူထောင်ထွက်လာသူတွေ အပါအဝင် ဒဏ်ရာရသူတွေကို ကုန်းပိုးသယ်လာသူတွေ၊ ထော့နင်း ထော့နင်းနဲ့ လက်မြှောက်ထွက်လာသူတွေ စတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းလောက်ကို […]
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ စစ်အာဏာ သိမ်းပြီး ၃ နှစ်ကျော် ၄ နှစ်နီးပါး ရောက်လာချိန်မှာ စစ်အာဏာသိမ်း ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ပြည်ကို သွားမယ့် ခရီးစဥ်က ထူးခြားတဲ့ ခရီးစဥ်တခုဖြစ်နေတယ် ဆိုတာ အငြင်းပွားဖွယ်မရှိတဲ့ အချက်လို့ဆိုနိုင်ပါတယ်။ စစ်အာဏာသိမ်းပြီးကာစကတည်းက စစ်ကောင်စီ အနေနဲ့ တရုတ်ရဲ့ အပြည့်အဝ ထောက်ခံမှုကို လိုနေတာ ဖုံးကွယ်ထားတဲ့ ကိစ္စတခုတော့မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေး၊ နယ်စပ်ကူးလူးဆက်ဆံမှု၊ စစ်လက်နက်ခဲယမ်း ဝယ်ယူမှု သို့မဟုတ် ထောက်ပံ့မှု စတဲ့အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ စိတ်မသက်မသာ […]