ylliX - Online Advertising Network

မဏိပူရပြည်နယ်တွင်‌နေဝင်မီးငြိမ်းအမိန့် ထုတ် | Popular

လူမျိုးရေးတင်းမာမှုများ လနှင့်ချီ၍ မြင့်တက်နေသည့် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် သောင်းကျန်းသူများကိုဖမ်းဆီးခေါ်ဆောင်သွားသည့်လူခြောက်ဦးကို အလေ-ာင်းများအဖြစ်သာ ပြန်တွေ့ခဲ့၍ ဒေါသတကြီးဆန္ဒပြပွဲများပေါ်ပေါက်လာခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် အင်တာနက်လိုင်းများ ပိတ်ပစ်ခဲ့ကာ နေဝင်မီးငြိမ်း အမိန့် ထုတ်ပြန်ခဲ့သည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မဏိပူရပြည်နယ်တွင် လူများစု ဟိန္ဒူဘာသာဝင် ကသည်းများနှင့် လူနည်းစု ခရစ်ယာန်ဘာသာဝင် ကူကီး အသိုက်အဝန်းများအကြား တိုက်ခိုက်မှုများသည် ၁၈ လကျော်လာပြီဖြစ်ကာ ပြည်နယ်ကို လူမျိုးစုနယ်မြေများအဖြစ် ကွဲပြားသွားစေခဲ့သည်။ ရုပ်အလေ-ာင်းများသည် ကသည်းအသိုက်အဝန်းမှဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်က မဏိပူရ ရဲတပ်ဖွဲ့နှင် ကူကီး သောင်းကျန်းသူများအကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဂျီရီဘမ်ခရိုင်တွင် ၎င်းတို့ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၅ ရက်တွင် ဂျီရီဘမ်ရှိ မြစ်တစ်ခုအတွင်းမှ အလေ-ာင်းသုံးလေ-ာင်းကို ဆယ်ယူရရှိခဲ့ပြီး နောက်သုံးလေ-ာင်းကို နိုဝင်ဘာ ၁၆ […]