မြန်မာ-အမေရိကနှစ်နိုင်ငံ ပူးပေါင်းရိုက်ကူးတင်ဆက်ထားတဲ့ ပထမဦးဆုံး ပရဟိတဇာတ်လမ်းပုံစံ “မေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။ “ဒီဇာတ်ကားရဲ့ မူရင်းပိုင်ရှင်ကတော့ မေရီကေရပ်ဖောင်ဒေးရှင်းတည်ထောင်သူ အန်တီမေရီကိုယ်တိုင် ရေးသားထားတဲ့ မူရင်းဝတ္ထု မေတ္တာကို အခြေခံပြီးတော့ ဇာတ်ညွှန်းမနွေးက ရေးသားပေးထားတာပါ။ သူတို့နှစ်ယောက်လုံးက မြန်မာပြည်မှာမွေးပြီး နိုင်ငံခြားမှာ ရှင်သန်ကြရတာဖြစ်တယ်။ ဒီဇာတ်လမ်းရဲ့ ကာရိုက်တာက အရမ်းထင်ဟပ်ပါတယ်။ နိုင်ငံတကာ ယဉ်ကျေးမှုပွဲတွေလုပ်ဖြစ်ကြတယ်လေ။ အဲ့ပွဲအကြောင်းကို ရေးထားတဲ့ဇာတ်လေးပါ။ ဒီကားကိုကြည့်ရင် မြန်မာပြည်က ဇွဲရှိတဲ့ မိန်းမလေး ၄ ယောက်ရဲ့ အားစိုက်မှုကိုတွေ့ရမှာပါ”လို့ အကယ်ဒမီ ဒေါက်တာ ဂရေစ့်ဆွေဇင်ထိုက်က ပြောပါတယ်။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုကို အခြေခံပြီး မနွေးနွေးစိန်မြင့်က ဇာတ်ညွှန်းရေးသားခဲ့ပြီး ဒါရိုက်တာ Graham […]
(၁၅-၁၁-၂၀၂၄ ရက်၊ မော်စကို) ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းသည် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Maxim RYZHENKOV အား ၁၄-၁၁-၂၀၂၄ ရက် (ကြာသပတေးနေ့) မင့်စ်စံတော်ချိန် နံနက် ၀၉၃၀ နာရီတွင် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ ၎င်း၏ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲ ခန့်အပ်လွှာ (မိတ္တူ) ကို ပေးအပ်ခဲ့ပါသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအလားအလာများနှင့် ဆောင်ရွက်သွား ရန်ရှိသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ ဘယ်လာရုစ် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာရှ၊အာဖရိကနှင့် လက်တင်အမေရိကဌာန ညွှန်ကြားရေးမှူးချုပ် Mr. Dmitry MIRONCHIK ဦးဆောင်သည့် တာဝန်ရှိသူများနှင့် […]