တနင်္သာရီတိုင်း ၊ မြိတ်မြို့တွင် ယနေ့ဇန်နဝါရီ (၁၈)ရက် တစ်ရက်တည်းတွင် မီးစလောင်ကျွမ်းမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီး၊ တိုင်းရုံးလမ်းခွဲအနီးရှိ ရာဘာစက်ရုံမီးလောင်မှုဖြစ်ပွားခဲ့ရာ ယခု ညနေ (၅)ခွဲအချိန်အထိ မီးငြိမ်းသတ်နေရဆဲဖြစ်ပြီး အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။ “မီးက များပါတယ်။ လက်ရှိအချိန်အထိ အပြီးသတ်ငြိမ်းသတ်နေရဆဲပါ။ အခြားဟာကိုတော့ ဖြေပေးနိုင်တဲ့သူက ဖိုက်တာတိုး( မီးလောင်ပြင်အတွင်း ဝင်ရောက်မီးငြိမ်းသတ်နေခြင်း)နေရလို့ပါ။ ကျွန်တော်တို့ နောက်ကလည်း အင်အားဖြည့် လုပ်ပေးနေရလို့ မဖြေအားသေးတာပါ”ဟု ဖုန်းလက်ခံဖြေသူ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ မီးလောင်နေသည့် ရာဘာစက်ရုံအနီး စက်သုံးဆီဆိုင် ရှိနေခြင်းကြောင့် မီးကူးစက်မှုမရှိစေရေးအတွက် ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။ အလားတူ မြိတ်မြို့ အလယ်ကျွန်းရပ်ကွက်တွင်လည်း ယနေ့ နံနက်အစောပိုင်း (၃)နာရီခွဲအချိန်ခန့်က နေအိမ်တစ်လုံးမှစတင်၍ မီးလောင်ကျွမ်းရာမှယင်းအိမ်အပြင် နှစ်ခန်းတွဲနေအိမ်တစ်လုံး မီးသင့်ဆုံးရှုံးမှု […]
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယာဉ်စည်းကမ်းမလိုက်နာသည့် ဆိုင်ကယ်စီးနင်းသူများကို ဆိုင်ကယ်စီးဦးထုပ် ချက်ချင်းဝယ်ယူစေကာ ပြစ်ဒဏ်ပေးခြင်းများကို ယနေ့ ဇန်နဝါ ရီ(၁၆)ရက်၌ မွန်းလွဲ(၂)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းအရင်းမြစ်များထံက သိရသည်။ အဆိုပါ ပြစ်ဒဏ်ပေးမှုကို မြိတ်တောင်ရပ်ကွက်၊ ဘုရားကိုင်ရပ်လမ်းဆုံတွင် ဆိုင်ကယ်ဦးထုပ်မပါဘဲ မောင်းနှင်လာသူများကို တားဆီး၍ ဦးထုပ်မဆောင်းသည့် ပြစ်ဒဏ်အစား ဆိုင်ကယ်စီး ဦးထုတ်အသစ်တစ်လုံးကို ချက်ခြင်းဝယ်ယူဆောင်းခိုင်းစေသည့် ပြစ်ဒဏ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ” ဦးထုပ်ဆောင်းဖို့ အရင်တည်းက အသိပညာပေးတာမျိုးတွေကို ယာဉ်ထိန်းရဲတွေက လုပ်ပါတယ်။ အဓိကဆိုင်ကယ်မောင်းသူတွေ ဦးထုပ်မဆောင်းရင်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို အသိပညာပေးတာတွေ အခါအားလျှော်ရင် ဆွေးနွေးမှုတွေလုပ်ပါတယ်။ အခုဟာကဗျာ မြို့မှာက အရေးမစိုက်ဘဲ မောင်းနေတော့ ဒီနေ့ ရှောင်တခင် သဘောစစ်ဆေးပြီး ပြစ်ဒဏ်ပေးတဲ့သဘောပါ။ ကောင်းပါတယ်။ စည်းနဲ့ကမ်းနဲ့ဖြစ်သင့်တာလေ”ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ စစ်ဆေးပြစ်ဒဏ်ပေးမှုအတွင်း ဦးထုပ်မဆောင်းဘဲဆိုင်ကယ်မောင်းနှင်လာသည့် […]
မြိတ်မြို့ရှိ ဆိပ်ငယ်ဘောတံတားပေါ်က လှေလုပ်သားတစ်ဦး ရေထဲပြုတ်ကျပြီး သေဆုံးကြောင်း ကယ်ဆယ်ရေး လုပ်သူများနှင့် မျက်မြင်တွေ့ခဲ့သည့် ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၃၀ ရက် ည ၇ နာရီဝန်းကျင်တွင် လက်ကိုင်ဖုန်းသုံးပြီး လမ်းလျှောက်နေစဉ် ရေထဲပြုတ်ကျသွားခြင်း ဖြစ်ကြောင်း အခင်းဖြစ်နေရာအနီးအနားတွင်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။ ရေထဲပြုတ်ကျပြီးချိန်တွင် ချက်ချင်း ရှာဖွေကယ်ဆယ်ခဲ့သော်လည်း ရှာမတွေ့ခဲ့ကြောင်း ကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ဆိုသည်။ နောက်တစ်ရက်ဖြစ်သည့် ယနေ့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁နာရီခွဲခန့်တွင်မူ ရေထဲပြုတ်ကျသူ၏ ရုပ်အလောင်း ကို မြိတ်မြို့ကမ်းနားလမ်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောဆိုသည်။ “မြိတ်ကမ်းနားလမ်းမှာပဲ ပြန်တွေ့တယ်။ အမည်ကိုတော့ မိသားစုနဲ့ ဆက်သွယ်ပြီး အတည်ပြုနိုင်ဖို့ ကြိုးစားနေတုန်းပါ” ဟု အဆိုပါ နာရေးကူညီမှုအသင်းဝင်က ပြောသည်။ […]