ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၆ ဦး သေဆုံး ရန်ကုန်၊ ဇန်နဝါရီ ၅ မကွေးတိုင်း၊ ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်းရှိ ကိုးပင် EPC ရုံးတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏ၀တီ အဖွဲ့က ပြောဆိုသည်။ ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ရန်ကုန် -မန္တလေး အမှတ် ၂ လမ်းဟောင်း၊ ရန်ကုန် […]
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ယမန်နေ့ (ဇန်နဝါရီ ၁ ရက်) ညတွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်။ မြစ်ငယ်၊ မြို့မရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဦးစောနေထွန်းသည် မြစ်ငယ်မြို့၊ ရန်ကင်းရပ်ကွက် စစ်ကိုင်း-မြစ်ငယ်လမ်းဘေးရှိ “ဂျက်ဝမ်း”စားသောက်ဆိုင်အနီး ပစ်သတ် ခံရခြင်းဖြစ်သည်။ “ရင်ဘတ်ကို (ကျည်) မှန်တာလို့ပြောတယ် ဖြစ်ဖြစ်ချင်း သတိရှိသေးတယ် အသက်ရှူသေးတယ်။ ဆေးရုံ ရောက်ပြီး အတော်နေမှ ဆုံးသွားတာ”ဟု မျက်မြင်ကိုကိုးကား၍ မြစ်ငယ်မြို့ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်သူ ဦးစောနေထွန်းကို ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးက ပစ်ခတ်သွားခြင်းဖြစ်ပြီး မန္တလေးဆေးရုံကြီးသို့ တင်ပို့ပြီးနောက်ကုသစဉ် သေဆုံးသွားသည်ဟု စစ်တပ် ဝါဒဖြန့်တယ်လီဂရမ် စာမျက်နှာများကလည်း ရေးသားထားကြသည်။ အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး […]
၁၂.၁၂.၂၀၂၄Written by KL မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ ပြည်ကြီးမင်္ဂလာကားကြီးကွင်းရှိ ခေတ်သစ်မနော မန္တလေး- မြစ်ကြီးနားကားဂိတ်တွင် ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက် ၂ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။ ပြည်ကြီးမင်္ဂလာ ကားကြီးကွင်းရှိ အလျားပေ ၁၂၀၊အနံပေ ၆၀ ရှိ ၆ခန်းတွဲနှစ်ထပ်သွပ်မိုး၊ အုတ်ကာ၊ကွန်ကရစ်ခင်း တိုက်တန်းမှ ခေတ်သစ်မနော မန္တလေး- မြစ်ကြီးနားကားဂိတ်တွင် အောက်ထပ်မျက်နှာကြက်ရှိ LED မီးသီး အပူလွန်ကဲ၍ အောက်ရှိ မွေ့ယာပေါ်သို့ မီးပွားကျ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။ မီးလောင်မှုကြောင့် အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိ ၆ ခန်းတွဲ ၂ ထပ် […]
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် နိုဝင်ဘာလ ၂၂ ရက်နေ့ရက်စွဲနဲ့ စစ်သည်တော်အသစ်များကို လက်ခံဖို့ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့“စုဆောင်း ၊ လေ့ကျင့် ၊ စုဖွဲ့ ၊ တိုက်ပွဲဝင် ‘’ ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်တိုင်း အဆင့်တိုင်းကို သက်ဆိုင်ရာ ဌာနများအလိုက် စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ကြပြီး တိုက်ပွဲပေါင်း ကြီး / ငယ် များစွာကို အနိုင်တိုက်ရုံတင်မက ပြည်သူ့လွတ်မြောက်နယ်မြေများ ဖော်ဆောင်ပေးလျက်ရှိပါတယ်။ တိုင်းရင်းသားဒေသကို အားပြုပြီး မြေပြန့်ကို ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ကျွန်တော်တို့ MDY PDF ဟာ အခုချိန်မှာဆိုရင် တောင်စဉ်တောင်တန်းတွေကနေတဆင့် ဧရာဝတီမြစ်ကမ်းနံဘေးထိ ချီတက်လို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရှေ့ဆက်မယ့် မြေပြန့်ဒေသ ခရီးစဉ်တွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေးခရီးသွားဖော်တွေကို MDY […]
“ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်များကို ပထမအကြိမ်အဖြစ် ဒါနပြုလှူဒါန်းသွားမည်ဖြစ်သည်။ အဆိုပါ မဟာမြတ်မုနိရုပ်ပွားတော်၏ နောက် ကျောပုံတော်သည် အမျိုးသမီးများဖူးမျှော်ခွင့်မရနိုင်သည့်နေရာဖြစ်ကာ “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရုပ်ပွားတော်မြတ်ကြီးဂေါပကအဖွဲ့ထံ အကူအညီတောင်း၍ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ” မဟာမြတ်မုနိရုပ်ပွားတော်ရဲ့နောက်ကျောတော်ကို မြတ်စွာဘုရားရှင်က လက်တော်နဲ့သပ်ပြီးရင်ငွေ့လှုံပေးခဲ့တယ်လို့ ဆိုရိုးစကားကြားဘူးခဲ့တယ်။ အဲဒီ နောက်ကျောတော်နေရာက အမျိုးသမီးတွေဖူးမျှော်ခွင့်မရနိုင်တဲ့နေရာပါ။ အခုက ပထမအကြိမ်လှူဒါန်းတာဖြစ်တဲ့အတွက် အဝေးရောက် ဓမ္မမိတ်ဆွေတွေကိုလှူဒါန်းပေးနိုင်ခြင်းတော့မရှိသေးပါဘူး”ဟု ထိုက်သူပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်ကပြောသည်။ “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ရိုက်ကူးရရှိခဲ့သည့် မဟာမြတ်မုနိရုပ်ပွားတော်၏ နောက်ကျောပုံတော်(၁၀၀)အား နေပြည်တော်တွင် နေ့စဥ် နံနက်/ညနေ ကျွေးမွေးလှူဒါန်းလျက်ရှိသည့် “ထိုက်သူပန်”အာဟာရဒါနအလှူနေရာသို့ လာရောက်သူများနှင့် “ထိုက်သူပန်”တိုင်းရင်းဆေးကိုယ်စားလှယ်များကို လှူဒါန်းပေးသွားမည်ဖြစ်သည်။ Source link
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အမြန်လမ်းမပေါ် မိုင်တိုင်အမှတ် ၃၁၇ ရှိ စစ်တပ် အထိုင်စခန်းကို ရော့ကတ် ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ရန်ကုန်- မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် အမှတ် ၃၁၇ မှာ တပ်စွဲအထိုင်ချထားတဲ့ စစ်သားတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခန့်မှာ တော်လှန်ရေး ရဲဘော်များက Rocket ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် ၄ နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး […]
ကမ္ဘောဇဘဏ် Customer များနှင့် KBZPay အသုံးပြုသူများအတွက် – ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ KBZPay Center (၂၈) ခုမှာ KBZ Credit Card နှင့် ပတ်သက်သော ဝန်ဆောင်မှုများကို နိုဝင်ဘာ ၅ ရက် ၂၀၂၄ ခုနှစ်မှ စတင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ KBZPay Center တွေမှာ ကမ္ဘောဇဘဏ်၏ Visa, MPU-UPI, MPU အကြွေးဝယ်ကတ်များနှင့် ပတ်သက်သော အောက်ပါ ဝန်ဆောင်မှုများကို လျှောက်ထားရယူနိုင်မှာဖြစ်ပါတယ်။ (၁) New Secured Credit Card Application (အပ်ငွေနောက်ခံပြုထားသော အကြွေးဝယ်ကတ် လျှောက်ထားခြင်း)(၂) Supplementary Card Application (ဆင့်ပွားအကြွေးဝယ်ကတ် လျှောက်ထားခြင်း)(၃) Credit Card […]