ရန်ကုန်၊ ဇန်နဝါရီ ၁၇ မန္တလေးမြို့ပေါ် ၊ မြို့နယ် ၇ ခုအတွင်း စစ်တပ်က ဇန်နဝါရီလ ၁၅ ရက်တာကာ လအတွင်း လူငယ် ၁၂၂ ဦးထက် မနည်းကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မန္တလေး သပိတ်အင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ပတ်တာ ကာလအတွင်း အောင် မြေ သာဇံမြို့နယ်မှ ၁၉ ဦး၊ ချမ်းအေးသာဇံမြို့နယ်မှာ ၁၅ ဦး၊ မဟာအောင်မြေမြို့နယ်မှ ၁၇ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၁၉ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၁၉ ဦး၊ အမရပူရမြို့ နယ်မှ ၁၈ ဦး၊ ပုသိမ်ကြီးမြို့နယ်မှ ၁၅ ဦး စုစုပေါင်းလူငယ် […]
မန္တလေး၊ ဒီဇင်ဘာ ၂၄ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄,၄၀၀ ပြား ဖမ်းဆီးရမိခဲ့သည်။ ယင်းနေ့ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင်နှင့် ဗဟိန်း တို့အား ပြည်ကြီးတံခွန်မြို့နယ်တွင်လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မစန်းစန်းမြ အား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိနေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၄,၀၀၀ ပြား နှင့်အတူလည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင် (ခ)ကျောင်းဆရာ အား […]
စစ်ကောင်စီက နယ်မြေတွေ ပြန်သိမ်းဖို့ အစွမ်းကုန်ကြိုးစားနေချိန်ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ်နယ်မြေကြီးတွေကို တရုတ်အားကိုးနဲ့ ပြန်ရဖို့ကြိုးစားသလို အညာဒေသတွေကို စစ်ကြောင်းလေကြောင်း မီးရှို့ပါတယ်။ PDF တွေထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ကမ်းအနီးကျေးရွာတွေမှာလည်း တိုက်ပွဲတွေပြန်လည်ပြင်းထန်နေကြပါတယ်။ အထိနာတဲ့စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ဝက်လက်သတင်းကွန်ရက်ထံမှ သိရပါတယ်။ မတ္တရာအထွက်က ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးစဉ်မှာ မြစ်ကမ်းအနီးက တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တာ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ မြစ်ကမ်းအနီးက ငယ်တိုးကျေးရွာစခန်းကို PDF တွေဝင်တိုက်ရာမှ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ “စခန်းကိုတော့ မရလိုက်ပေမယ့် ကိုယ့်ဘက်က ရလဒ်ကောင်းတွေထွက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုမှာလည်း အထိအခိုက်မရှိဘူး” လို့ တော်လှန်တပ်ဖွဲ့ဘက်က ဆိုပါတယ်။ မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီလေကြောင်းအပြင် ဧရာဝတီမြစ် ရေကြောင်းကနေ […]
ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းသည့် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းရှင်းလင်းပွဲကို နိုဝင်ဘာလ (၁၃)ရက်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကနဦး စိစစ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ စိစစ်ရေးအဖွဲ့ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့က လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တားမြစ်ချက်များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့ပြင် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နည်းတူ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းထံမှလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များအားလုံး ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ယခုလအတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ Source […]
မန္တလေးတွင် လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့် အလုပ်သမားများအား အလုပ်သမားက ဓားဖြင့်ခုတ်၊ ဆိုင်ပိုင်ရှင်အပါအဝင် ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရမှု ယမန်နေ့က ဖြစ်ပွား – Myanmar Transparency News Source link