မန္တလေးမှ “ရွှေစင်အကယ်ဒမီရွှေဆိုင်”အား သေနတ်ပြခြိမ်းခြောက်၍ ကျပ်သိန်း ၃၀၀၀၀ ခန့်တန်ဖိုးရှိရွှေထည်ပစ္စည်းမျိုးစုံအား လုယက်မှုကျူးလွန်သူ တရားခံအမျိုးသား ၂ ဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ – Myanmar Transparency News Source link
အာဏာသိမ်းစစ်ကောင်စီ အုပ်ချုပ်မှု ၄ နှစ်အတွင်း တားမြစ်ပိတ်ပင်မှု အများအပြား ပေါ်ပေါက်ခဲ့ရာ ယခုနောက်ဆုံးဖြစ်ရပ်တစ်ခုမှာ မန္တလေးမြို့၊ မဟာအောင်မြို့နယ်မှ အစားအသောက်ရောင်းသောဆိုင် ပိတ်ပင်ခံရမှု ဖြစ်သည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့သော မုဆိုးမတို့ရွာ အမည်ရ မုန့်ဟင်းခါးဆိုင်သည် နောက်တစ်နေ့တွင် အပိတ်ခံလိုက်ရသည်ဟု သိရသည်။ အုပ်ချုပ်ရေးနှင့် စည်ပင် သာယာရေးဌာန ဝန်ထမ်းတချို့ ရောက်လာပြီး ပိတ်သိမ်းခိုင်းခဲ့သည့်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။ “လာစစ်ဆေးတဲ့အချိန်မှာ လုပ်ငန်းလိုင်စင်မရှိဘဲ ဖွင့်ထား တာကြောင့် လိုင်စင်လျှောက်ထားရမယ်ဆိုပြီး ဆက်ဖွင့်ခွင့်မပေးတာ” ဟု မန္တလေးမြို့ခံ အမျိုးသား တစ်ဦးက Myanmar Now သို့ ပြောသည်။ မဟာမြိုင်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတစ်ဦးကလည်း ဆိုင်ပိတ်ထားသည်ကို တွေ့ရကြောင်း အတည်ပြုသည်။ “ဆိုင်ကို ဖျက်လိုက်တယ်ဆိုတာမျိုးတော့ မကြားမိဘူး။ […]
မန္တလေးတိုင်း၊ မန္တလေးမြို့ရဲ့ မြို့နယ် ၇ခုက လူငယ် ၁ရာကျော်ဟာ ၁၅ရက်အတွင်း မတရားဖမ်းဆီးခံရတယ်လို့ မန္တလေး သပိတ်အင်အားစုက အသိပေးလာပါတယ်။အခုဒီဇင်ဘာ ၁ရက်ကနေ ၁၅ရက်နေ့ထိ ၂ပတ်အတွင်း မန္တလေးမြို့က မြို့နယ် ၇မြို့နယ်မှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ်တွေကို စာရင်းပြုစုခဲ့တာလို့ သိရပါတယ်။မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် မှ (၂၁)ဦး၊ ချမ်းအေးသာဇံမြို့နယ် (၇)ဦး၊ မဟာအောင်မြေမြို့နယ် (၅)ဦး၊ ချမ်းမြသာစည်မြို့နယ် (၅) ဦး၊ ပြည်ကြီးတံခွန်မြို့နယ် (၃၆)ဦး၊ အမရပူရမြို့နယ် (၁၇)ဦး၊ ပုသိမ်ကြီးမြို့နယ် (၃၄) ဦး၊ စုစုပေါင်း (၁၂၅)ဦး မတရားဖမ်ဆီးခံခဲ့ရပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့ သိရပါတယ်။စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ဖမ်းဆီးရာမှာ နေ့/ည မချိန်မရွေး ဖမ်းဆီးခြင်း ၊ ညအချိန်မတော် ဧည့်စာရင်း ဥပဒေကို အကြောင်းပြပြီး […]
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မန္တလေးမြို့ Art Centre နှင့် မန္တလေးပုံနှိပ်စက်ရုံတို့အား ကြည့်ရှုစစ်ဆေး | Ministry Of Information Skip to main content Breadcrumb Home / ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် မန္တလေးမြို့ Art Centre နှင့် မန္တလေးပုံနှိပ်စက်ရုံတို့အား ကြည့်ရှုစစ်ဆေး Source link
နေပြည်တော်၊ နိုဝင်ဘာလ ၂၂ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် အစိုးရ၏ပညာရေးစနစ်ကို ပျက်ပြားစေရန်ရည်ရွယ်၍ တရားမဝင် NUG အဖွဲ့လက်အောက်ခံ တရားမဝင်ဆေးတက္ကသိုလ်(မန္တလေး)မှ ယာယီဆေးပညာဘွဲ့လက်မှတ်အတုများပြုလုပ်ကာ ပြည်ပ တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်သည်ဟု မက်လုံးများပေးပြီး လိမ်လည်ဆောင်ရွက်လျက် ရှိသဖြင့် ယုံမှားခဲ့သည့် ကျောင်းသား/ကျောင်းသူများသည် ပြည်ပတက္ကသိုလ်များ၌ ပညာသင်ကြားရန် လျှောက်ထားရာတွင် တရားဝင်မှုမရှိသောကြောင့် သက်ဆိုင်ရာတက္ကသိုလ်များမှ လက်မခံသည့် အတွက် ကျောင်းတက်ရောက်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။ ဆေးတက္ကသိုလ် (မန္တလေး)မှ Final Part II အား ၆-၁-၂၀၂၂ ရက်၊ ၈-၂-၂၀၂၂ ရက်၊ ၁၆-၁-၂၀၂၃ ရက်တို့တွင် သင်တန်းဖွင့်လှစ်ခဲ့သော်လည်း ၃ ကြိမ် […]
အဆိုပါ သတင်းအတုကို စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်တွေက နိုဝင်ဘာလ ၂ ရက်နေ့မှာ စတင်ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ဖမ်းဆီးရမိသူတွေလို့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဓါတ်ပုံအောက်မှာ “အကြမ်းဖက် NUG အဖွဲ့နှင့် ပူးပေါင်းပြီး လူကုန်ကူးနေတဲ့ အဖွဲ့ဖမ်းဆီးရမိ” (အသုံးအနှုန်း မူရင်းဖော်ပြထားသည့်အတိုင်း) လို့ ရေးသားကာ “မန္တလေးတွင် ဖမ်းဆီးရမိသည့် လူကုန်ကူး ဂိုဏ်းအဖွဲ့ဟာ NUG အဖွဲ့နှင့် ဆက်စပ်နေသူများဖြစ်ပြီး နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် အမျိုးသမီးငယ်များကို အဓိကထားရောင်းစားနေသူများဖြစ်ကြောင်း စစ်ကြောချက်အရသိရှိရ” လို့ ထပ်မံရေးသားထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို တယ်လီဂရမ် ချန်နယ်တွေအပြင် ဖေ့စ်ဘွက်အကောင့်တုတွေနဲ့ပါ လူမှုကွန်ယက်ပေါ် ဖြန့်ချီထားကြပါတယ်။ သတင်းဆန်းစစ်ချက် မန္တလေးမြို့မှာ NUG […]