ylliX - Online Advertising Network

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက် (၁၀-၁-၂၀၂၅ ရက်)

(၁၀-၁-၂၀၂၅ ရက်၊ ကူမင်း)  မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့၊ Green Lake Hotel ၌ ၁၀-၁-၂၀၂၅ ရက်တွင် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ယူနန်ပြည်နယ် ပြည်ပချစ်ကြည်ရေးအသင်းနှင့် ကူမင်းမြို့အခြေစိုက် ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးတို့မှ ကျင်းပပြုလုပ်သည့် တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။  အဆိုပါအခမ်းအနားသို့ CPPCC ယူနန်ပြည်နယ်၊ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ H.E. He Lianghui ၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Mr. Yang Shaocheng ၊ ကူမင်းမြို့အခြေစိုက် ဗီယက်နမ်ကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr. Hoang Minh Son ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ […]

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ထိုင်းနိုင်ငံ၏ အမျိုးသားနေ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏ မွေးနေ့၊ Thailand’s Father’s Day အခမ်းအနားသို့ ပါဝင်တက်ရောက် ( ၄-၁၂-၂၀၂၄ ရက်)

( ၄-၁၂-၂၀၂၄ ရက်၊ ကူမင်း) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းသည် ကူမင်းမြို့၊ Shangri-la Hotel ၌ ၄-၁၂-၂၀၂၄ ရက်တွင် ကူမင်းမြို့အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးမှ ကျင်းပသည့် ထိုင်းနိုင်ငံ၏ အမျိုးသားနေ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂျ်၏ မွေးနေ့နှင့် Thailand’s Father’s Day အခမ်းအနားသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရမှ တာဝန်ရှိသူများ၊ ကူမင်းမြို့အခြေစိုက် ကောက်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  ******************************* Source link

The 2024 ASEAN–Hunan (Yongzhou) Famous and High-quality Products Trade Fair သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်

(၂၂-၁၁-၂၀၂၄ ရက်၊ နန်နင်းမြို့) ၂၂-၁၁-၂၀၂၄ ရက်တွင် ဟူနန်ပြည်နယ်၊ ယုံကျိုးမြို့ International Agricultural Products Trading Center ၌ ကျင်းပခဲ့သည့် The 2024 ASEAN–Hunan (Yongzhou) Famous and High-quality Products Trade Fair သို့ နန်နင်းမြို့မှ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါကုန်စည်ပြပွဲကို ယုံကျိုးမြို့နယ်အစိုးရနှင့် ဟူနန်ပြည်နယ်၊ ကူးသန်းရောင်းဝယ် ရေးဦးစီးဌာနတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဟူနန်ပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါကုန်စည်ပြပွဲသည် စုစုပေါင်းဧရိယာ (၃၀၀၀၀) စတုရန်းမီတာခန့် ကျယ်ဝန်းပြီး တရုတ်နှင့် အာဆီယံနိုင်ငံများဖြစ်သည့် လာအို၊ အင်ဒိုနီးရှား၊ မလေးရှား၊ […]