(၁၇-၁၂-၂၀၂၄ ရက်၊ ဗီယင်နာ) ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၏ ရိုးရာလက်ဖက်ရည်ပွဲနှင့် ယဉ်ကျေးမှုဖျော်ဖြေပွဲကို ဗီယင်နာမြို့အခြေစိုက် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံ သံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး များနှင့် Society Magazine တို့ပူးပေါင်းလျက် ၁၇-၁၂-၂၀၂၄ ရက်တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Grand Hotel ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် အိန္ဒိယ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးများ၊ ဘင်္ဂလားဒေ့ရှ် သံရုံးယာယီတာဝန်ခံ တို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် Society Magazine ထုတ်ဝေသူ Prof. Mag Gertrud Tauchhammer၊ ဘင်းမ်စတက်သံရုံး/အဖွဲ့ရုံးများကိုယ်စား အိန္ဒိယသံအမတ်ကြီး/ အမြဲတမ်း ကိုယ်စားလှယ် H.E. Mr. Sambhu Santha Kumaran နှင့် ဩစတြီးယားနိုင်ငံ ဥရောပနှင့် နိုင်ငံတကာရေးရာဝန်ကြီးဌာန သံတမန်ရေးရာဒုတိယအကြီးအကဲ Mr. […]
(၃၀-၁၁-၂၀၂၄ ရက်၊ ဗီယင်နာ) ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG)က ကြီးမှူးလျက် ၃၀-၁၁-၂၀၂၄ ရက်တွင် ဩစတြီးယားစင်တာ၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့က ပါဝင် ဆင်နွှဲခဲ့ပါသည်။ အဆိုပါဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အဖွဲ့ရုံးသည် ဗီယင်နာမြို့အခြေစိုက်… Source link
ဗီယင်နာ၊ ဒီဇင်ဘာ ၂ ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG)က ကြီးမှူးလျက် ၃၀-၁၁-၂၀၂၄ ရက်တွင် ဩစတြီးယားစင်တာ၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့က ပါဝင် ဆင်နွှဲခဲ့သည်။ အဆိုပါဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အဖွဲ့ရုံးသည် ဗီယင်နာမြို့အခြေစိုက် အခြားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် အဖွဲ့အစည်းများနှင့်အတူ ကမ္ဘာ့တစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် ကလေးသူငယ်များအား လှူဒါန်းနိုင်ရန်အတွက် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ရောင်းချခဲ့ပြီး၊ နိုင်ငံများအလိုက် ကမ္ဘာ့ဝတ်စား ဆင်ယင်မှုပြပွဲနှင့်ရိုးရာအကဖျော်ဖြေပွဲများတွင်လည်း ပါဝင်တင်ဆက်ပြသခဲ့သည်။ UNWG သည် ကမ္ဘာတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် အမျိုးသမီးနှင့် ကလေး သူငယ်များအတွက် အကူအညီပေးအပ်ရေးအစီအစဉ်များ၊ ပညာရေးနှင့် မရှိမဖြစ်လိုအပ်မှု များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ပုံငွေရှာဖွေပေးသည့် အဖွဲ့အစည်းဖြစ်ပြီး ဩစတြီးယားနှင့်အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်ပူးပေါင်းလျက် ဒေသတွင်း နှင့် ကမ္ဘာ့အရပ်ရပ်ရှိ လှူဒါန်းမှုများကို ကူညီပံ့ပိုးလျက်ရှိသည်။ […]