၂.၁.၂၀၂၅Written By Zun ထိုင်းနိုင်ငံ၌ ဇန်နဝါရီလ ၁ ရက် ညနေ ၃ နာရီခန့်က မြန်မာနိုင်ငံသားတစ်ဦး ရေတံခွန်ပေါ်မှ ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။ ရေတံခွန်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သူမှာ မြန်မာနိုင်ငံသားအသက် ၃၁ နှစ်အရွယ် ကိုအောင်ထိုက်ဆိုသူဖြစ်ပြီး ဆုံခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ထုန့်တန်ဆောင်ကျေးရွာရှိ တန်ငချန်း(ဆင်စွယ်)ရေတံခွန်ပေါ်မှ ပြုတ်ကျ သေဆုံးခြင်း ဖြစ်သည်။ ယင်းမှာ ဆုံခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်၊ ခေါင်ဟယ်ကျေးရွာရှိ စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ၊ နှစ်သစ်ကူးအလုပ်ပိတ်ရက်တွင် မိသားစုနှင့်အတူ အလည်သွားရာမှ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကိုအောင်ထိုက်ပြုတ်ကျသေဆုံးသည့်ရေတံခွန်မှာ မီတာ ၄၅၀ မြင့်ကာ အဆင့် ၃ ဆင့်ရှိပြီး အပေါ်ဆုံး ၃ ဆင့်မြောက်သို့ တက်ရောက်ချိန် ခြေချော်ကာ ရေတံခွန်အတွင်းပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း […]
အသက် ၂ဝအရွယ် လူငယ်အများစုပါဝင်တဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို တရားမဝင်လာရောက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်လိုက်တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အဲဒီမြန်မာနိုင်ငံသားတွေကို ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့ နယ်၊ ဟွေ့ခယိန်ကျေးရွာ ဖယ်အောင့်စွတ်လှေဂိတ်အနီးကနေ ထိုင်းရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ဖမ်းဆီးရမိသူတွေကို ထိုင်းနိုင်ငံ လ.ဝ.က ဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်ပေးအရေးယူသွားမှာဖြစ်တယ်လို့သိရပြီး အရေးယူပြီးတဲ့အခါမှာတော့ နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ကာ နယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမယ်လို့ သိရပါတယ်။ Crd# Source link
ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် အသက် ၂၀ ကျော် လူငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၀၇ ဦး ယနေ့ အဖမ်းခံရ – Myanmar Transparency News Source link
တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး မြန်မာနိုင်ငံ မြောက်ပိုင်းကနေ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့တဲ့သူ ၃၉ ယောက်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် Wenzhou မြို့ တရားရုံးက စွဲချက်တင်လိုက်တဲ့အကြောင်း တရုတ်နိုင်ငံထုတ် သတင်းတွေမှာ ရေးပါတယ်။ Source link
ရန်ကုန်မြို့ပေါ် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် မလေးရှားနိုင်ငံသား ၁ ဦး ဖမ်းမိ – Myanmar Transparency News Source link
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချကြောင်း သတင်းရရှိထားသူ လှဦး(ခ)လှမျိုးအား TOYOTA MARK X မော်တော်ယာဉ်တစ်စီးနှင့်အတူ တွေ့ရှိ၍ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း ၂၇ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားတို့အား ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၁၁ နာရီအချိန် တာမွေမြို့နယ်၊ ဖိုးစိန်လမ်းမပေါ်တွင် မြတ်သူအား စိတ်ပြောင်းဆေးဝါး Happy Water ၁၂၉ ဂရမ်နှင့် လည်းကောင်း၊ […]
ရန်ကုန်မြို့ပေါ်တွင် မူးယစ်ဆေးဝါးများဖြန့်ဖြူးရောင်းချသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် မလေးရှားနိုင်ငံသား ၁ ဦးတို့အား ငွေကျပ်သိန်း ၂,၇၈၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ နေပြည်တော်၊ ဒီဇင်ဘာ ၂၈ ရက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၈)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူးရောင်းချကြောင်း သတင်းရရှိ ထားသူ လှဦး(ခ)လှမျိုး အား TOYOTA MARK X မော်တော်ယာဉ်တစ်စီးနှင့်အတူတွေ့ရှိ၍ ရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၂၃၈ ဒသမ ၅ ဂရမ်၊ ကက်တမင်း ၂၇ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ပြားတို့အား […]
ဟနွိုင်း၊ ဒီဇင်ဘာ ၁၅ ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ၂ ဦးဖြစ်သည့် မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေး အတွက် ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးသည် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဗီယက်နမ်နိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်၍ ၁၄-၁၂-၂၀၂၄ ရက်၊ ဒေသစံတော်ချိန် ၁၄ ၁၀ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည် ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာသည့် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့သည် တရားမဝင် အလုပ်အကိုင်ပွဲစား၏ ချိတ်ဆက် ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ ၁၆-၁၁-၂၀၂၄ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်-တရုတ်နယ်စပ်ရှိ ဗီယက်နမ်ပြည်နယ်တစ်ခုဖြစ်သည့် Cao Bang ပြည်နယ်သို့ ပို့ဆောင် ချိန်တွင် မိုဘိုင်းဖုန်း၊ […]
(၁၄-၁၂-၂၀၂၄ရက်၊ ဟနွိုင်း) ဗီယက်နမ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ ၂ ဦးဖြစ်သည့် မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့အား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေး အတွက် ဟနွိုင်းမြို့အခြေစိုက် မြန်မာသံရုံးသည် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ဗီယက်နမ်နိုင်ငံ သက်ဆိုင်ရာအာဏာပိုင်များနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်၍ ၁၄-၁၂-၂၀၂၄ ရက်၊ ဒေသစံတော်ချိန် ၁၄၁၀ နာရီတွင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည် ဆိုင်ရာလေဆိပ်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာသည့် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ မနွယ်နီဝင်းနှင့် မချစ်စုစုကျော်တို့သည် တရားမဝင် အလုပ်အကိုင်ပွဲစား၏ ချိတ်ဆက် ပေးမှုဖြင့် ဗီယက်နမ်နိုင်ငံသို့ ၁၆-၁၁-၂၀၂၄ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်-တရုတ်နယ်စပ်ရှိ ဗီယက်နမ်ပြည်နယ်တစ်ခုဖြစ်သည့် Cao Bang ပြည်နယ်သို့ ပို့ဆောင် ချိန်တွင် မိုဘိုင်းဖုန်း၊ ငွေကြေးများကိုသိမ်းဆည်းပြီးနောက် ၎င်းတို့အား […]
၁၅. ၁၂. ၂၀၂၄Translated by Thettant မြန်မာ့ရေပိုင်နက်တွင် ငါးခိုးဖမ်းသူ ထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ရေးလုပ်ငန်းစဥ်မပြီးပြတ်သေးသည့်အချိန်တွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားငါးဖမ်းလုပ်သား ၆ ဦးကို လက်တုံ့ပြန် ဖမ်းဆီးလိုက်သည်။ မြန်မာနိုင်ငံမှ ငါးဖမ်းရေယာဉ် ပြည့်ဖြိုးလှိုင် – ၁၈ နှင့် မြန်မာနိုင်ငံသား ခြောက်ဦးကို တရားမဝင် ရေထွက်ကုန်များ မှောင်ခို သယ်ဆောင်မှုဖြင့် ရနောင်းမြို့တွင် ဖမ်းဆီးခဲ့ကြောင်း Thai Enquirer က ဒီဇင်ဘာ ၁၄ ရက်တွင် ဖော်ပြမှုအရ သိရသည်။ အဆိုပါ ပြည့်ဖြိုးလှိုင် – ၁၈ ငါးဖမ်းသင်္ဘောပေါ်တွင် တင်သွင်းခွင့် မရှိသော အလေးချိန် တန် ၄၀ ခန့်ရှိ ဆားထုပ် အိတ် ၂၀၀၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်းနှင့် မြန်မာသင်္ဘောသားခြောက်ဦးအား ပက်နမ်ရနောင်း […]