ylliX - Online Advertising Network

ဂျိန်းဖော KIA ကို အံတုနေတဲ့ မနောမြေမှ ရှမ်းနီ(SNA) များ

ကချင်ပြည်နယ်မှာ လူမျိုးကြီးဝါဒကျင့်သုံးတဲ့ KIA/KIO အဖွဲ့ဟာ ဂျိန်းဖောအများစုဖြစ်လို့ ကချင်ပြည်နယ်ထဲရှိ အခြားလူမျိုးစုဖြစ်တဲ့ လီဆူး၊ ရဝမ်၊ လချိတ်၊ ရှမ်းနီ၊ ဗမာနဲ့ ဂေါ်ရခါးတို့အပေါ် လက်နက်အားကိုးနဲ့ အနိုင်ကျင့်လေ့ရှိပါတယ်… အထူးသဖြင့် အင်အားငယ်ပြီး လူမျိုးရေးစိတ်ဓာတ်မပြင်းထန်တဲ့ လချိတ်နယ်မြေ(အထူးဒေသ ၁)၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာ အခြားမျိုးနွယ်စုတွေ အများစုရှိတဲ့ ပူတာအို၊ ဗန်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဖားကန့်ဒေသများကိုလည်း အရှိန်မြှင့် တိုက်ခိုက်လျက်ရှိပါတယ်… ရှမ်းနီအများစုရှိတဲ့ ဗန်းမော်မြို့ကို အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပေမဲ့ မြို့ခံများက လက်မခံလို့ ထိခိုက်ကျဆုံးများနေသလို ရှမ်းနီများ ထိန်းချုပ်ထားတဲ့ မိုးညှင်း၊ မိုးကောင်းနဲ့ အင်းတော်ကြီးဒေသမှာ KIA အဖွဲ့ စစ်ရေးအရ […]

ထိုင်းဗီဇာသက်တမ်းတိုးခ နှစ်ဆကျော်တောင်း၍ မြန်မာများ ဆန္ဒပြ၊ ၄ ဦး ဖမ်းခံရ – Myanmar Now

အလုပ်လုပ်ခွင့်နှင့် နေထိုင်ခွင့်သက်တမ်းတိုးကြေးအဖြစ် ဘတ် ၁၂,၀၀၀ (ကျပ် ၁၅ သိန်းကျော်ခန့်) ကောက်ခံမှုကို မကျေနပ်၍ ထိုင်းနိုင်ငံ၊ စမုဆာခွန်ခရိုင်၊ အုန်းနွဲရပ်ကွက် BIS Pipe စက်ရုံတစ်ခုမှ ရာနှင့် ချီသော မြန်မာအလုပ်သမားများက ယနေ့ (ဒီဇင်ဘာ ၁၉) နံနက်တွင် စက်ရုံရှေ့၌ ဆန္ဒပြခဲ့ကြစဉ်   ၄ ဦး ဖမ်းဆီးခံရသည်။ ထိုင်းအစိုးရက တရားဝင်ကောက်ခံသည့် ကုန်ကျစရိတ်မှာ အလုပ်သမားတစ်ဦးလျှင် အလုပ်လုပ်ခွင့် ပါမစ်၊ ဗီဇာကြေး၊ ကျန်းမာရေးအာမခံ၊ ဆေးစစ်ခများအတွက် ဘတ် ၆၀၀၀ အောက်သာ ကုန်ကျနိုင် သော်လည်း စက်ရုံက ကိုယ်စားလှယ်ကုမ္ပဏီများနှင့်ပေါင်းကာ သက်တမ်းတိုးပေးစဉ် ထိုကဲ့သို့ နှစ်ဆကျော် ကောက်ခံခဲ့ခြင်း ဖြစ်၍ မြန်မာအလုပ်သမားများက ဆန္ဒပြခြင်းဖြစ်ကြောင်း သိရသည်။  ဆန္ဒပြမှုကို ထိုင်းရဲနှင့် စစ်သားများက […]

မြန်မာမှ အလုပ်သမားခေါ်ယူရန် ကမ်းလှမ်းစာများအတွက် မြန်မာသံရုံးသို့ ကြိုတင်ပေးပို့မှု အကျုံးမဝင်ဟုဆို

ဂျပန်ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ အလုပ်သမားများခေါ်ယူရန် အလုပ်ကမ်းလှမ်းစာများအတွက် မြန်မာသံရုံးသို့ ကြိုတင်ပေးပို့မှုများသည် အကျုံးဝင်မှုမရှိကြောင်း ဒီဇင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ တိုကျိုမြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာသံရုံး တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို စိစစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကုမ္ပဏီအချို့သည် ကြေညာချက်မထုတ်ပြန်မီကတည်းက သံရုံးသို့ စာရွက်စာတမ်း၊ အချက်အလက်များ ကြိုတင်ပေးပို့မှုများ ပြုလုပ်ထားကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုကဲ့သိူ့ ကြိုတင်ပေးပို့ခြင်းများသည် အကျုံးဝင်မှုမရှိကြောင်းနှင့် ယခုထုတ်ပြန်ချက်တွင်ပါရှိသော ကြေညာချက် အမှတ်စဉ်ဖော်ပြလျက် စာရွက်စာတမ်းအထောက်အထားများကို စာတိုက်မှတစ်ဆင့် ပြန်လည်ပေးပို့ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် စာရွက်စာတမ်း၊ အချက်အလက်များ ပေးပို့ပေးနိုင်ရန် အချက်အလက်များ ကြိုတင်ပေး ပို့ထားသည့် ကုမ္ပဏီများ အနေဖြင့် […]

ဘန်ကောက်အနီး မဟာချိုင်ရောက် မြန်မာများ ဘတ်သိန်းချီငွေလိမ်ခံရ  – Myanmar Now

ထိုင်းနိုင်ငံ​တောင်ပိုင်း စမုဆာခွန်ခရိုင်၊ မဟာချိုင်မြို့ရောက် မြန်မာပြည်သား ၁၅၀ ခန့်ကို ထိုင်းအမျိုးသမီးနှစ်ဦးက အလုပ်အပ်ပေးမည်ဟု အယုံသွင်းပြီး  ဝန်ဆောင်ခ ဘတ်သိန်းချီ ကြိုတင်ရယူသွားကာ တိမ်းရှောင်နေသည်ဟု သိရသည်။ ထိုမြို့ရှိ ပစ္စည်းပို့ဆောင်ရေးလုပ်ငန်း Index Interfurn Company Limited တွင် အလုပ်လျှောက်ထားရန် ဝန်ဆောင်ခနှင့် စာရွက်စာတမ်းကြေးများ တောင်းယူ လိမ်လည်သွားခြင်းဖြစ်သည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားရေးကူညီပေးနေသည့် AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောသည်။  စာရွက်စာတမ်းပြည့်စုံသူများ ၃,၅၀၀ ဘတ်၊  မပြည့်စုံသူများ ဘတ် ၇,၀၀၀ စီ ပေးခဲ့ရသည်ဟု သိရသည်။  နိုဝင်ဘာ ၂၀ ရက်နေ့တွင် မြန်မာပြည်သားများ လုပ်ငန်းခွင်သို့ ရောက်သွားရာ ကုမ္ပဏီတာဝန်ရှိသူတို့က ထိုင်းအမျိုးသမီးနှစ်ဦးသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊  အစုအပြုံလိုက် ရောက်လာသူများကို အလုပ်ရုံထဲသို့ […]

NUG ထောက်ခံချက်ဖြင့် တောင်ကိုရီးယားရောက် မြန်မာများ ဆက်လက်နေထိုင်ခွင့်ရ

ဆိုးလ်မြို့ရှိ စစ်ကောင်စီ၏ သံရုံးတွင် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် မရသူများကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သက်တမ်းတိုး ထောက်ခံချက်ပေးနေသဖြင့်  တောင်ကိုးရီးယားအစိုးရက ဆက်လက် နေထိုင်ခွင့်ပြုနေကြောင်း သိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သူ၊ ယာယီနေထိုင်ခွင့် G1-99 ဗီဇာဖြင့်နေထိုင်သူတို့၏ နိုင်ငံကူးလက်မှတ်များကို NUG တောင်ကိုးရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးထောက်ခံချက် ထုတ်ပေးခြင်းဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်ပေါ်တွင် NUG  ကိုယ်စားလှယ်ရုံးက ၂ နှစ်သက်တမ်းတိုးပေးကြောင်း တံဆိပ်တုံးထုပေးသည်ဟု ကိုယ်စားလှယ်ရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “မူလစာအုပ်ကို သက်တမ်း ၂ နှစ် တိုးပေးပါတယ်။ ကိုရီးယား လဝက (လူဝင်မှုကြီးကြပ်ရေးဌာန) က လက်ခံပါတယ်။ အခြားနိုင်ငံကတော့ (လက်ခံလား) မပြောတတ်သေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ ဇူလိုင်မှစကာ NUG အစိုးရ၏ ဆိုးလ်မြို့ […]

ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာမှ ပထမရွှေတံဆိပ်ဆွတ်ခူး –  PCT NEWS HOMEPAGE

မော်လဒိုက်နိုင်ငံ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပ​နေသည့် (၁၅) ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်း‌​နောင်က ပထမ‌ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာကစားသမား ရဲထွန်းနောင်သည် ယနေ့ နို၀င်ဘာ ၉ ရက်တွင် ပြုလုပ်သည့် နိုင်ငံပေါင်း ၆ နိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်သော ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်) ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး မနက်ဖြန် နို၀င်ဘာ ၁၀ ရက်တွင် Over Oll Championship ပြိုင်ပွဲသို့ […]