ylliX - Online Advertising Network

ထိုင်းအစိုးရတွင်း မြန်မာ့ရေးရာ အထူးအဖွဲ့အစည်းအဝေး ကျင်းပဖို့ ပြင်ဆင်

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မဟာဗျုဟာရေးဆွဲရေး၊ စောင့်ကြည့်ရေးနဲ့ အစိုးရအဖွဲ့တွေအကြား ဆက်သွယ်ညှိနှိုင်းရေး ထိုင်းအစိုးရ အထူးအဖွဲ့ ပထမအကြိမ်အစည်းအဝေးကို လာမယ့် ဇန္နဝါရီလ ၁၃ ရက်နေ့ ကျင်းပမယ့်အကြောင်း အစိုးရသတင်းရပ်ကွက်ကို ကိုးကားပြီး ထိုင်း PBS သတင်းမှာ ဖေါ်ပြပါတယ်။ မြန်မာ့ရေးရာအထူးအဖွဲ့ကို ထိုင်း နိုင်ငံခြားရေးဝန်ကြီး Maris Sagiampongsa က ကြီးကြပ်ပြီး ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးကောင်စီနဲ့ နိုင်ငံခြားရေးဌာန ထိပ်တန်းအရာရှိတွေ ပူးပေါင်း ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အရင်က မြန်မာ့ရေးရာ အထူးအဖွဲ့ကို ကြီးကြပ်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Parnpree Bahiddha-Nukara ပြီးခဲ့တဲ့နှစ်မေလ နုတ်ထွက်သွားကတည်းက အဖွဲ့ကို ဖျက်သိမ်းခဲ့သလို အစည်းအဝေးတွေလည်း ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ အခု အသစ်ဖွဲ့စည်းလိုက်တဲ့ မထူးအဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို စောင်ကြည့်ပြီး […]

မြန်မာ့ရေးရာ – Dawei Watch

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဒီဇင်ဘာလ ၂၂ ရက်ကနေ ဒီဇင်ဘာလ ၂၈ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။ Source link

တစ်ပတ်အတွင်း မြန်မာ့ရေးရာ – Dawei Watch

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၃၀၀ကျော်သေဆုံး ပုံစာ – KIA ဌာနချုပ် လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ၂၀၂၃ခုနှစ် အောက်တိုဘာလ ၉ရက်မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေး ၁၁ဦး အပါအဝင် စစ်ဘေးရှောင်၂၉ ဦး သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀၀ ကျော် သေဆုံးတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။ အာဏာသိမ်းချိန်ကနေ အခုအောက်တိုဘာ ၂၀ရက်အထိ သုံးနှစ်ကျော်အတွင်း လူ ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၅ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုသတ်ဖြတ်မှုရဲ့ ၉၂ရာခိုင်နှုန်းကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး […]

ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံ ရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန် ရုရှားစစ်ရေယာဥ်(၄)စီး ရန်ကုန်သို့ရောက်လာ

Credit to Popular Journal – ဒုတိယအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံ ရေးဆိုင်ရာလေ့ကျင့်ခန်းပြုလုပ်ရန်နှင့်ချစ်ကြည်ရေးခရီးလည်ပတ်ရန် ရုရှားစစ်ရေယာဥ်(၄)စီး သည် ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့လည်ပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ရုရှားရေတပ် Russian Pacific Fleet မှ ကော်ဗက်စစ်ရေယာဉ်များဖြစ်သည့် စစ်ရေယာဉ် Gromky ၊ စစ်ရေယာဉ် Rezky ၊ စစ်ရေယာဉ် Tsydenzhapov နှင့် ထောက်ပံ့ရေးရေယာဉ် Pechenga တို့သည် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်၍ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရောက်ရှိလာသည့် စစ်ရေယာဥ်(၄)စီးအား တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ […]