မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ၏ဝတ်စုံနှင့်အသုံးအဆောင်ပစ္စည်းများအတွက် ဂျပန်အားကစားဝတ်စုံလုပ်ငန်း၏ Jogarbola အမှတ်တံဆိပ်နှင့်(၄)နှစ်တာလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ လက်တွဲဆောင်ရွက်ရန် နှစ်ဖက်သဘောတူညီမှု MoU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်၍ မြန်မာ့လက်ရွေးစင် အမျိုးသား/အမျိုးသမီးအသင်းများ၊ ဖူဆယ် အမျိုးသား/အမျိုးသမီး အသင်းများ၊ လူငယ်သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၊ အကယ်ဒမီများသည် Jogarbola အမှတ်တံဆိပ် အားကစားဝတ်စုံနှင့် အသုံးအဆောင်ပစ္စည်းများကို အသုံးပြုသွားကြမည်ဖြစ်သည်။ လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင်ကျင်းပလျက်ရှိသည့် AFC Women’s Futsal Asian Cup 2025 Qualifiers အုပ်စု(D)ခြေစစ်ပွဲများတွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အမျိုးသမီးအသင်းသည် Jogarbola ၏ဂျာစီဒီဇိုင်းအသစ်ကို ဝတ်ဆင်ကစားနိုင်ခြင်းမရှိသေးသော်လည်း ကနဦး ဝတ်ဆင်ရန်ထုတ်လုပ်ထားသော ဂျာစီများကိုယာယီအသုံးပြုဝတ်ဆင်၍ ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ထိုင်းနိုင်ငံမှ အားကစားဝတ်စုံလုပ်ငန်းတစ်ခုဖြစ်သည့် Warrix နှင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ […]