ylliX - Online Advertising Network

(၂၇)ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီ အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ မြန်မာသံရုံးယာယီတာဝန်ခံ ပါဝင်တက်ရောက် (၂၀-၁၂-၂၀၂၄ ရက်)

(၂၀-၁၂-၂၀၂၄ ရက်၊ ပရာ့ဂ်မြို့) ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများဖြင့် ဖွဲ့စည်းထား သည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ လက်ရှိဥက္ကဋ္ဌဖြစ်သော ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Duong Hoai Nam က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဦးစီးကျင်းပသည့် (၂၇)ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးနှင့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင်သည် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့်အတူ ပါဝင် တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ သံရုံးအကြီးအကဲများသည် (၂၆)ကြိမ် မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ ၂၀၂၄ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်ခဲ့သည့် ပူးတွဲလှုပ်ရှားမှုများ အစီရင်ခံစာကို မှတ်တမ်းတင်ခြင်းနှင့် […]

အမေရိကန်-အာဆီယံစင်တာတည်ထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် (၁၇-၁၂-၂၀၂၄ ရက်)

(၁၇-၁၂-၂၀၂၄ ရက်၊ ဝါရှင်တန်ဒီစီ)  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အရီဇိုးနားတက္ကသိုလ်တို့ပူးတွဲ၍ အမေရိကန်-အာဆီယံ စင်တာတည်ထောင်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ၁၇-၁၂-၂၀၂၄ ရက်၊ မွန်းလွဲပိုင်း တွင် အရီဇိုးနားတက္ကသိုလ်၊ ဝါရှင်တန်ဒီစီကျောင်းခွဲ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ တီမောလက်စ်တေသံအမတ်ကြီးလည်း ပါဝင်တက်ရောက်ခဲ့ပြီး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Daniel Kritenbrink၊ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာဌာနမှ တာဝန်ရှိသူများ၊ အာဆီယံသံရုံးများနှင့် မိတ်ဆွေနိုင်ငံများမှ သံတမန် များ၊ အာရှပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများ၊ သုတေသနအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn […]

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်း (၈၀) ပြည့်နှစ်မြောက် ဗီယက်နမ် ပြည်သူ့တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

တဲလ်အဗီး၊ ဒီဇင်ဘာ ၁၅ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Duc Trung ၏ ဖိတ်ကြားချက် အရ တဲလ်အဗီးမြို့ရှိ Beit Amot Mishpat Tower တွင် ပြုလုပ်ခဲ့သည့် ၈၀ ပြည့်နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည်။  အဆိုပါအခမ်းအနားသို့ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။  Join – https://t.me/MyanmarNationalPost Source link

အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်း (၈၀) ပြည့်နှစ်မြောက် ဗီယက်နမ် ပြည်သူ့တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် (၁၅-၁၂-၂၀၂၄ ရက်)

(၁၅-၁၂-၂၀၂၄ ရက်၊ တဲလ်အဗီး) အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ly Duc Trung ၏ ဖိတ်ကြားချက် အရ တဲလ်အဗီးမြို့ရှိ Beit Amot Mishpat Tower တွင် ပြုလုပ်ခဲ့သည့် ၈၀ ပြည့်နှစ်မြောက် ဗီယက်နမ်ပြည်သူ့ တပ်မတော်ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တဲလ်အဗီးမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ စစ်သံမှူးများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source link

အာဆီယံကော်မတီဝါရှင်တန် (ACW)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပွဲ အခမ်းအနားနှင့် နှစ်သစ်ကူးအကြိုဧည့်ခံပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် (၁၂-၁၂-၂၀၂၄ ရက်)

(၁၂-၁၂-၂၀၂၄ ရက်၊ ဝါရှင်တန်) ဝါရှင်တန်မြို့အခြေစိုက် အာဆီယံကော်မတီဝါရှင်တန် (ASEAN Committee in Washington, ACW) ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အမေရိကန်နိုင်ငံ ဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Jose Manuel G. Romualdez က အာဆီယံကော်မတီ ဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ရာထူးလွှဲပြောင်းသည့် အခမ်းအနားနှင့် နှစ်သစ်ကူးအကြို ဧည့်ခံပွဲကို ၁၂-၁၂-၂၀၂၄ ရက်၊ ညနေပိုင်းတွင် ဖိလစ်ပိုင်သံရုံး၌ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်းသည် ဝါရှင်တန်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာတာဝန်ရှိသူများနှင့် အာဆီယံသံရုံးများနှင့် မိတ်ဆွေနိုင်ငံများမှ သံတမန်များ တက်ရောက်ခဲ့ကြပါသည်။ ဖိလစ်ပိုင် သံအမတ်ကြီးက အာဆီယံကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်း […]