ရန်နိုင် ( အား/ ကာ) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံတည်ဆောက်ရာတွင် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးသည် အဓိကကျသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိသည်။ “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေးဦးတည်ချက်ကိုလည်း ချမှတ်ထားပါသည်။ လူတိုင်းသည် အသက်ရှည်ပြီး ကျန်းမာလိုသည့်ဆန္ဒရှိကြသည်။ ကျန်းမာမှ ပညာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ခြင်းကိစ္စရပ်များအပြင် လူမှုရေးကိစ္စရပ်များကိုပါ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လူတိုင်းကျန်းမာစွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ကလေးသူငယ်မှအစ သက်ကြီးရွယ်အိုများအထိ ကျန်းမာရေးကောင်းမွန်အောင် ဆောင်ရွက်ပေးရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် အားကစားလှုပ်ရှားမှုများကို ဆောင်ရွက်နိုင်ရန် ဖန်တီးပေးကြရမည်ဖြစ်သည်။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍတွင် မြှင့်တင်ဆောင်ရွက်သင့် ကျန်းမာခြင်းသည် လူသားတိုင်းအတွက် အဖိုးထိုက်တန်သည့် လာဘ်ကြီးတစ်ပါး ဖြစ်ပါသည်။ “ကျန်းမာခြင်း” လာဘ်ကို ရယူနိုင်ရေးအတွက် ကျန်းမာစေသည့် အနေအထိုင်၊ အစားအသောက်အလေ့အကျင့်၊ အပြုအမူများကို ဂရုတစိုက် လိုက်နာကျင့်ကြံပြီး […]