မြန်အောင်တွင်အသက် ၃၅နှစ်မှ ၆၅ နှစ်အတွင်းရှိသူများကို စစ်သင်တန်းတက်ရန်မဲနှိုက်ခိုင်းကြောင်း မဟုတ်မမှန်သတင်းများရေးသားဖြန့်ဝေလျှက်ရှိ နေပြည်တော် အောက်တိုဘာ ၂၅ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူများကို အောက်တိုဘာ ဒုတိယအပတ်ကစတင်ပြီး စစ်သင်တန်း တက်ရန်မဲနှိုက်ခိုင်းနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်းအမှားများရေးသားဖြန့်ဝေလျှက်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ထံဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းသတင်းမှာမှန်ကန်မှုမရှိ ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဥပဒေမဲ့လုပ်ဆောင်မှုများမရှိဘဲ ပြဋ္ဌာန်းထား သည့် ဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် နေ့မှစ၍ သတင်းတု၊ သတင်းအမှားများဖြင့် လူငယ်လူရွယ်များကို လမ်းမှားရောက် စေရန် လှုံ့ဆော်ဝါဒဖြန့်ခြင်း၊ ပါဝင်ဆောင်ရွက်သည့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများနှင့် ယခုကဲ့သို့ မှန်ကန်မှုမရှိသည့် သတင်းအမှား များဖြင့် […]