“တော်လှန်ထောက်ကူ မွေးနေ့အလှူ” ကမ်ပိန်းကတော့ Clean Yangon မှ ဆရာမသဉ္ဇာအေးရဲ့ မွေးနေ့အလှူကမ်ပိန်းပဲ ဖြစ်ပါတယ်။ စစ်ရှောင်ဒေသတွေမှာလိုအပ်ချက်တွေ လိုအပ်တာတွေ အများကြီးရှိနေပေမယ့် အဲဒီထဲကမှ အလိုအပ်ဆုံးဖြစ်နေတဲ့ ခွဲစိတ်ခန်းတစ်ခု၊လူနာတင်ယာဉ်တစ်စီးနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေတာကြောင့် “တော်လှန်ထောက်ကူ မွေးနေ့အလှူ” ကမ်ပိန်းကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။ကမ်ပိန်းကာလကိုတော့ နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာလ ၉ ရက်နေ့ထိ သတ်မှတ်ထားပြီး တားဂတ်အနေနဲ့ ကျပ်သိန်း(၁၀၀၀) မျှော်မှန်းထားပါတယ်။ ယခု မွေးနေ့အလှူကမ်ပိန်းက ရရှိလာမယ့် အလှူငွေတွေကိုတော့ ကရင်နီဒေသရဲ့ ဆေးရုံတစ်ရုံမှာ ခွဲစိတ်ခန်းတည်ဆောက်ပြီး ဒေသခံလူမှုကူညီရေးအသင်းအတွက် လူနာတင်ယာဉ်၊ နွေဦးသူရဲကောင်းနဲ့ စစ်ဘေးရှောင်သွေးချင်းတို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။”တော်လှန်ထောက်ကူ မွေးနေ့အလှူ” ကမ်ပိန်းအစီအစဉ်လေးကို စိတ်ပါဝင်စားလို့ ကူညီပေးမယ့် အလှူရှင်များကိုလည်း နည်းသည်များသည် ပဓာနမထားပဲ အမှတ်တရ မှတ်တမ်းတွေပြန်ပေးသွားမှာဖြစ်သလို […]