ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်အမှတ် ၃တပ်ရင်းက ရဲဘော် ၇ဦးအသက်ပေးလှူခဲ့ရတယ်လို့သိရပါတယ်။ဖက်ဒရယ်ဒီမိုကစီရရှိရေးအတွက် အသက်ကိုပဓာနမထားပဲ အောင်ပွဲတေရရှိနိုင်ရေး ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်(၇)ဦးကို ဦးညွှတ်ဂုဏ်ပြုအလေးနီပြုကြောင်း မုံရွာခရိုင်အမှတ် ၃တပ်ရင်းက ထုတ်ပြန်ထားပါတယ်။လက်ရှိအချိန်ထိ လိုချင်သောပန်းတိုင်မရောက်မချင်းဆက်လက်ပြီး ကြိုးစားနေမယ်လို့ မုံရွာခရိုင်အမှတ်(၃)တပ်ရင်း ရဲဘော်အားလုံးက ကတိပြုပြောပါတယ်။ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကို ဒီဇင်လာ ၂၂ရက်မှာ ချင်းညီနောင်ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ Continue Reading Source link
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာတော့ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ် ၅ ဦးနှင့်အတူ စစ်ကောင်စီတပ်သား စုစုပေါင်း ၆ ဦးဟာ လက်နက်နဲ့တကွ တော်လှန်ရေးဘက်ကို ဝင်ရောက်လာခဲ့ကြပါတယ်။ အဆိုပါတပ်သားသစ်များမှာ အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး အပတ်စဉ် ၂ စစ်မှုထမ်းသင်တန်းဆင်း တပ်သား ဖြိုးမင်းအောင်၊ ကရင်လေး၊ တပ်သား ရဲမင်းမောင်၊ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းများဖြစ်ကြ သည့် တပ်သား သန်းတိုးအောင် ၊ တပ်သား ဖြူးဖွေးတို့ဖြစ်ကြပြီး စစ်ကောင်စီ၏ရေတပ်မှတဦးကတော့ တပ်သားဝေဖြိုးဆိုသူ ဖြစ်ပါတယ်။ MA1 အမျိုး အစား သေနတ် ၁ လက် ၊ ကျည်ဘောက် ၃ ဘောက် ၊ ကပစ ထုတ် ၅.၅၆ ကျည် ၁၆၁ တောင့် […]