ylliX - Online Advertising Network

မီးစက်ထဲသို့ ဓာတ်ဆီဖြည့်ရာမှ မီးလောင်မှု မန္တလေးတွင်ဖြစ်ပွား၊ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တစ်ဆိုင်နှင့်နေအိမ် ၃ လုံး မီးလောင်ဆုံးရှုံး

၉.၁.၂၀၂၅Written By Zun မီးစက်ထဲသို့ ဓာတ်ဆီဖြည့်ရာမှ မီးလောင်မှုတစ်ခု မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၂ (A)လမ်းကြား၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ်(ဖ-၈)၊ အိမ်အမှတ်(၁၇)ရှိ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တွင် ယမန်နေ့ ဇန်နဝါရီလ ၈ ရက် ညနေ ၅ နာရီကျော်အချိန်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။ ယင်းဆိုင်ရှိ အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦး မီးစက်အတွင်း ဓာတ်ဆီဖြည့်ရာမှအနီးရှိ မီးဖိုမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့် ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်နှင့် ဆိုင်တွင်းရှိ ဆိုင်ကယ်အပိုပစ္စည်းများအပါအဝင် ဆိုင်နှင့်ကပ်လျက်ရှိသည့် နေအိမ်(၃)လုံးပါ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသိရသည်။ “ပေါ့ဆမီးဖြစ်ပါတယ်။ အခု ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှာ (ပ-၅/၂၀၂၅) ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်”ဟု […]

အဖုံးပွင့်နေသော ဆိုဒီယမ် ဒိုင်သိုင်ရာနိုက် ဓာတုဗေဒအရည်နှင့် မိုးရေ ထိတွေ့၍ ဓာတ်ပြုရာမှ ပြည်ရတနာဝင်း သံခွံ ကုန်တင်သင်္ဘော​ရေလယ်၌ မီးလောင်မှု ကော့သောင်းတွင်ဖြစ်ပွား

၁၄.၁၂.၂၀၂၄Writtenvby KL ကော့သောင်းမြို့နယ်၊ အေးရိပ်ငြိမ်ရပ်ကွက်၊ တော်ဝင်ဆိပ်ကမ်းအနီး ရေလယ်တွင် ရပ်ထားသော ယုဇနကုမ္ပဏီ ပိုင်၊ ရတနာဝင်းအမည်ရှိ သံခွံ ကုန်တင်သင်္ဘောတွင် ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှသိရသည်။ အလျား ၂၁၅ ပေ၊ အနံ ၃၃ ပေရှိ သံခွံကုန်တင်သင်္ဘောဦးပိုင်းတွင် စီတန်းထားသော Sodium Dithionite (ဆိုဒီယမ် ဒိုင်သိုင်ရာနိုက်) ဓာတုဗေဒအရည်ပုံးများအနက် အဖုံးပွင့်သည့်ပုံး ဖိတ်စင်ရာမှ မိုးရေနှင့် ထိတွေ့၍ ဓာတ်ပြုမှုဖြစ်ပွားကာ မီးလောင်မှု စတင်ဖြစ်ပွားရခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။ “မီးသတ်တပ်ဖွဲ့ဝင်တွေက အနီးနားမှာရှိတဲ့ သင်္ဘောတွေကို မကူးစက်အောင်လို့ စက်လှေနဲ့ရေယာဥ်တွေကို ဖယ်ရှားခဲ့ပြီး ဓာတုဗေဒပစ္စည်းတွေကိုပဲ လောင်ကျွမ်းအောင် စောင့်ကြည့်ပြီး ငြှိမ်းသတ်ခဲ့ရတယ်”ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက […]

မန္တလေး ၊ ပြည်ကြီးမင်္ဂလာကားကြီးကွင်းရှိ ခေတ်သစ်မနော မန္တလေး-မြစ်ကြီးနား ကားဂိတ် မီးလောင်မှု LED မီးသီး အပူလွန်ရာမှ စတင်ဖြစ်ပွားခဲ့ဟု တွေ့ရှိ

၁၂.၁၂.၂၀၂၄Written by KL မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ ပြည်ကြီးမင်္ဂလာကားကြီးကွင်းရှိ ခေတ်သစ်မနော မန္တလေး- မြစ်ကြီးနားကားဂိတ်တွင် ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက် ၂ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။ ပြည်ကြီးမင်္ဂလာ ကားကြီးကွင်းရှိ အလျားပေ ၁၂၀၊အနံပေ ၆၀ ရှိ ၆ခန်းတွဲနှစ်ထပ်သွပ်မိုး၊ အုတ်ကာ၊ကွန်ကရစ်ခင်း တိုက်တန်းမှ ခေတ်သစ်မနော မန္တလေး- မြစ်ကြီးနားကားဂိတ်တွင် အောက်ထပ်မျက်နှာကြက်ရှိ LED မီးသီး အပူလွန်ကဲ၍ အောက်ရှိ မွေ့ယာပေါ်သို့ မီးပွားကျ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။ မီးလောင်မှုကြောင့် အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိ ၆ ခန်းတွဲ ၂ ထပ် […]

ကြည့်မြင်တိုင်ငါးဈေးက ရေခဲကြိတ်စက်ရုံ မီးလောင်မှု ဒီနေ့မနက် ဖြစ်ပွား

၃၀.၁၁. ၂၀၂၄Written by Hey Mar မနက်အစောပိုင်း မီးပျက်လို့ မီးစက်နှိုးပြီး အလုပ်လုပ်ရာက မီးစက်ပြုတ်ကျ မီးလောင်မှုဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၃၀ ရက် မနက် ၆ နာရီ ၂၆ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်က ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ဥယျာဉ်လမ်းရှိ ဗဟိုစံပြငါးဈေး၊ ရေခဲကြိတ်စက်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် စက်ရုံအလုပ်သမားတစ်ဦး မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ နယ်မြေခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ အဆိုပါအသင်းတာဝန်ရှိသူက “မနက်က မီးပျက်တယ်လေ။ ပျက်‌တော့ သူတို့က မီးစက်ကို ခုံအမြင့်ပေါ် ခနော်နီခနော်နဲ့ တင်နှိုးထားပြီး အနောက်မှာ အလုပ်လုပ်နေကြတာ။ မီးစက်က ခုံပေါ်ကနေ ပြုတ်ကျပြီး စလောင်တာ။ သူတို့စက်ရုံက အလုပ်သမားတစ်ဦးလောက်ပဲ […]

လှိုင်သာယာတွင် တစ်ရက်တည်း မီးလောင်မှု (၂) ကြိမ်ဖြစ်

Credit to Popular Journal – ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ယနေ့အောက်တိုဘာ (၂၅)ရက် တစ်ရက်တည်းအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ အောက်တိုဘာ (၂၄)ရက် ညပိုင်းကလည်း ဓါတ်တိုင်မီးလောင်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။ ယနေ့ အောက်တိုဘာ (၂၅)ရက်၊ ည(၆)နာရီ (၅၅)မိနစ်အချိန်ခန့်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဒိုင်စုကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ စက်မှုဇုန်အပိုင်း(၆)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ အင်းစိန်မြို့နယ်မီးသတ်စခန်း၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ထွက်ခွာပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာ မိနစ် (၂၀)နီးပါး ငြှိမ်းသတ်ခဲ့ပြီးနောက် ည (၇)နာရီ (၁၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အလားတူ ယနေ့ အောက်တိုဘာ (၂၅)ရက်၊ နံနက် (၁၀)နာရီ […]