ylliX - Online Advertising Network

သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန်ကြိုးစားခဲ့သည့် မူလတန်း ကျောင်းအုပ် ဆရာ အပါအဝင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်း ၉ ဦးကို ပြန်လွှတ်ပေး – Khit Thit Media

ရန်ကုန်၊ နိုဝင်ဘာ ၇ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူရန် ကြိုးစားခဲ့သည့် မူလတန်းကျောင်းအုပ်ဆရာ ဦးသီးဖေပါ ၉ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အောက်တိုဘာလ ၉ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာ မူလတန်းကျောင်းအုပ်ကြီး ဆရာကြီး ဦးသီးဖေ၊ ကျောင်းဆရာမနှစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဇနီးဖြစ်သူ သန်းစိုး၊ ပန်းချီရှောင်ရွာနေ ဦးကျော်အေး၊ သရက်နှစ်ခွကျေးရွာနေ ဆရာမနှစ်ဦးနှင့် မဲနယ်အိုကျေးရွာနေ ဆရာမ တစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် ပူးပေါင်းပါဝင်ခဲ့ သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ “သူတို့ကို ခေါ်လာကတည်းက သန်းခေါင်စာရင်းကောက်မဲ့အချိန်ပြီးရင် ပြန်လွှတ်ဖို့ ထိန်းသိမ်းထား တာပါ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ်လည်း သူတို့ကို ပုံမှန်အတိုင်းပဲ ကျနော်တို့နေသလို ထားပါတယ်။ […]

Fact Check: အမေရိကန်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန် မြင်ကွင်းလား-မဟုတ်ပါ

အမေရိကန်နိုင်ငံ ဝင်ရောက်ခဲ့တဲ့ တနာရီလေတိုက်နှုန်း ၂၁၅ မိုင်ရှိတဲ့ ဟာရီကိန်းမုန်တိုင်း မီလ်တန်မြင်ကွင်း ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ ဗွီဒီယိုထဲမှာ မုန်တိုင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေ ပြိုကျ၊ ကားတွေ လေစီးကြောင်းနဲ့ လွှင့်သွားတာ စတဲ့ မြင်ကွင်းတွေ အများစုပါဝင်တယ်။ ဒါပေမဲ့ ဒီဗွီဒီယိုဟာ အောက်တိုဘာ ၁၀ ရက်နေ့က အမေရိကန်ကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းနဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “USA.မုန်တိုင်းကြီး ၂၁၅ မိုင်နှုံး ဖြင့်တိုက်ခပ်” မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် မျှဝေထားတဲ့ ဗွီဒီယိုကို ဓာတ်ပုံအဖြစ်ပြောင်းလဲပြီး ပျံ့နှံ့ခဲ့ပုံကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုပါ မြင်ကွင်း တချို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်ကတည်းက […]