ရန်ကုန်၊ ဇန်နဝါရီ ၁၀ အကြမ်းဖက် စစ်ခေါင်းဆောင်များတွင် နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရန် မူဝါဒ မရှိကြောင်း လေကြောင်းတိုက်ခိုက်မှုများက သက်သေပြနေကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း ၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၄၀ သေဆုံးခဲ့ပြီးနောက် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီတွင် နိုင်ငံရေးအရ ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် မူဝါဒ မရှိသည်ကို လေကြောင်းတိုက်ခိုက်မှုများက ရှင်းရှင်းလင်းဖော်ပြနေကြောင်း ၎င်းက ဆိုသည်။ “အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီရဲ့ အကြမ်းဖက် ဆိုးရွားတဲ့ ဒီဆက်တိုက် ကျူးလွန်မှုတွေကို ကြည့်ရင် […]
မြန်မာနိုင်ငံအပေါ် ချက်သမ္မတနိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်းမရှိ၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆက်လက်ပံ့ပိုး ရပ်တည်သွားမည် … ရန်ကုန်၊ ဇန်နဝါရီ ၄ မြန်မာနိုင်ငံအပေါ် ချက်သမ္မတနိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်းမရှိကြောင်း နှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအား ဆက်လက်ပံ့ပိုးကူညီလျက်ရှိပြီး မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ချက်သမ္မတနိုင်ငံသား Igor Blazevic က၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားလိုက်သည်။ Federica Cidale နှင့် Kristina Kironska တို့ရေးသားသည့် ‘Is Czech support for Myanmar’s democracy slipping?’ ချက်နိုင်ငံ ထောက်ခံမှု အားနည်းနေသလား ဟုအဓိပ္ပယ်ရသည့် ဆောင်းပါးတစ်ပုဒ် အရှေ့အာရှဖိုရမ် ဝဘ်ဆိုဒ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တင်ဆက်ခဲ့အပြီး ၄င်းက ယခုလို ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။ […]
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ Donald Trump ဦးဆောင်မယ့် အမေရိကန်အစိုးရသစ်အနေနဲ့ မြန်မာစစ်ကောင်စီလို အာဏာရှင်တွေကို ပြတ်ပြတ်သားသား ဆက်ဆံသွားဖို့ ရှိတယ်လို့ အမေရိကန်-မြန်မာ နိုင်ငံရေးအကဲခတ် ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။ တရုတ်ကို စီးပွားရေးအရ ပစ်မှတ်ထား ဖိအားပေးဆက်ဆံသွားဖို့ ရှိနေတဲ့ ရီပတ်ဘလင်ကန်အစိုးရသစ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာမလဲ။ အမေရိကန်ပြည်ထောင်စု Carleton ကောလိပ် နိုင်ငံရေးသိပ္ပံနဲ့ နိုင်ငံတကာဆက်ဆံရေးပါမောက္ခ ဒေါက်တာထွန်းမြင့်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။ မအင်ကြင်းနိုင် ။ ။ ၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဘလင်ကန် သမ္မတလောင်း ဒေါ်နယ်လ်ထရန့် အပြတ်အသတ် အနိုင်ရခဲ့သလို အထက်နဲ့ အောက်လွှတ်တော်မှာဆိုရင်လည်း ရီပတ်ဘလင်ကန်တွေက […]