ylliX - Online Advertising Network

သကြားရှောင်ခြင်းက ကင်ဆာဆဲလ်တွေကို မသေစေနိုင်ပါ

ဒီသကြားရှောင်လိုက်ရင် ကင်ဆာဆဲလ်တွေ အလိုလိုသေသွားမယ်ဆိုတဲ့ အကြောင်းအရာကို ဘာသာစကားအမျိုးမျိုးနဲ့ နှစ်အတန်ကြာကတည်းက ဖြန့်ဝေနေတာဖြစ်ပါတယ်။ မြန်မာဘာသာပြန်ပြီး ရေးသားဖြန့်ဝေနေတာတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ‘ကင်ဆာကြောင့် မသေနိုင်ကြတော့ဘူးလို့ ဒေါက်တာ Gupta က ပြောကြောင်း၊ ပထမအဆင့်အနေနဲ့ သကြားလုံးဝ မစားပဲနေပါက ကင်ဆာဆဲလ်တွေ အလိုလိုသေသွားမှာဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေနဲ့ အစာမစားမီ သံပုရာသီး တစ်လုံးကို ရေနွေးနဲ့ မွှေပြီးသောက်ပါက သုံးလခန့်နေရင် ကင်ဆာဆဲလ်တွေကို ဓာတ်ကင်ကုသတာထက် အဆတစ်ထောင်ပိုကောင်းတယ်လို့ Maryland College of Medicine ရဲ့ Research အရ သိရကြောင်း၊ တတိယအဆင့်အနေနဲ့ အုန်းဆီစစ်စစ် သုံးဇွန်းကို မနက်ည သောက်ပေးပါက ကင်ဆာဆဲလ် အလိုလို ပျောက်သွားမှာဖြစ်ကြောင်း’ ရေးသားထားတာပါ။ ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ […]