TNLA ခေါ် တအန်းတပ်မတော်က သိမ်းယူထားတဲ့ မန္တလေးတိုင်း ဒေသကြီးက မိုးကုတ်မြို့ကို ဒီနေ့ နေ့ခင်း ၁၂နာရီခွဲကျော်မှာ စစ်ကောင်စီက Y12 လေယာဉ်နဲ့ ၃ကြိမ်ထက်မနည်းလာရောက်ပြီး ဗုံး အလုံး ၂၀ကျော်ကြဲချခဲ့ပါတယ်။ ဗုံးကြဲချတဲ့နေရာဟာ မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်းဘက်မှာဖြစ်ပြီး လောလောဆည်တော့ အထိအခိုက်ရှိတယ်ဆိုတာ မကြားသိရသေးပါဘူး။ ဒေသခံတွေကတော့ လက်နက်ကိုင်အဖွဲ့အစည်းအချို့က မိုးကုတ်ဂေါက်ကွင်းဘက်မှာ ကျောက်တူးဖော်တာတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ကောင်စီက လာရောက်တိုက်ခိုက်တာဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဂေါက်ကွင်းအနီးမှာ ဆေးရုံနဲ့ အထက ၁ စာသင်ကျောင်းတည်ရှိပြီး တိုက်ခိုက်ချိန်ဟာ အထက ၁ကျောင်းဆင်းချိန်အတွင်းဖြစ်ခဲ့တာလို့လည်း ပြောပါတယ်။ မိုးကုတ်မြို့ဟာ ဖုန်း၊ အင်တာနက်တွေ ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေကို ဆက်သွယ်ဖို့ အခက်အခဲရှိနေပြီး သတင်းအသေးစိတ်ရရှိဖို့ကိုတော့ VOA က စုံစမ်းနေဆဲဖြစ်ပါတယ်။ […]