မြန်မာ အပါအဝင် ကမ္ဘာတဝန်း စစ်ပွဲတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး အားထုတ် ကြိုးပမ်းနိုင်ဖို့ ဆုတောင်းပါကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးနေ့ ဆုတောင်းပွဲမှာ မိန့်ကြားသွားခဲ့ပါတယ်။ ယူကရိန်း၊ ဂါဇာ၊ အစ္စရေး၊ မြန်မာ နဲ့ စစ်ပွဲတွေဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေကြတဲ့ ပြည်သူတွေ အတွက် မမေ့မလျော့ သူ ဆုတောင်းပေးနေကြောင်းလည်း မိန့်ကြားခဲ့ပါတယ်။ ပဋိပက္ခ ဒေသတွေမှာ တွေ့ဆုံ ဆွေးနွေး အဖြေရှာနိုင်ဖို့ ဝိုင်းဝန်း ကြိုးပမ်းနေသူတွေကိုလည်း ကျေးဇူးတင်ကြောင်း နဲ့ စစ်ပွဲတွေ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းတဲ့ အဖြေ ရတဲ့အထိ အခိုင်အမာ အားစိုက် လုပ်ဆောင်သွားနိုင်ကြလို့မယ်လို့ မျှော်လင့်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။ တချိန်တည်းမှာလည်း ချမ်းသာတဲ့နိုင်ငံတွေက […]
မြန်မာစစ်တပ်အတွင်း ထိပ်ပိုင်းရာထူးတချို့ အပြောင်းအလဲဖြစ်ပြီး၊ အရေးပါတဲ့ ကြည်းရေလေ ညှိုနှိုင်းကွပ်ကဲရေးမှုးအဖြစ် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ နီးစပ်တဲ့ ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းဖြစ်လာပါတယ်။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲနဲ့ပတ်သက်လို့ သုံးသပ်ချက်တွေ ကိုဝင်းမင်း စုစည်းတင်ဆက်ထားပါတယ်။ Source link