ylliX - Online Advertising Network

Myanma NewsNews

သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Dec 28 ။ ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်မှာ စစ်ကောင်စီ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့ သမဝါယမဦးစီးဌာန ဝန်ထမ်းတွေက ဒေသခံ တောင်သူတွေ စိုက်ထားပြီးဖြစ်တဲ့ မတ်ပဲစိုက်ခင်းတွေကို ဝန်ကြီးဌာန အမိန့်အရဆိုကာ ဖျက်ဆီးခိုင်းပြီး နေကြာတွေ ပြန်လည်စိုက်ပျိုးခိုင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ချိုင်းနားရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့ အထဲ စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP-Myanmar က သတင်းထုတ်ပြန်ပါတယ်။ Dec 27 ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ချိုင်းနားရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိတဲ့ထဲက စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော်(အေအေ)က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု […]

မြန်မာပြည်သတင်း ဒိုင်ယာရီ Oct/Nov 2024

သင့်အေးရိပ် စုဆောင်းတင်ပြသည်။ Oct 27 ။ မြန်မာစစ်တပ်သမိုင်းမှာ အဆိုးဝါးဆုံး ရှုံးနိမ့်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ပါပြီ။ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA၊ အာရက္ခတပ်တော် AA တို့ ဦးဆောင်စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ပထမဆုံးနေ့မှာတင် ချိုင်းနားနယ်စပ်မြို့ ချင်းရွှေဟော်ကနေ လားရှိုးမြို့အထိ တပြိုင်နက် တိုက်ခိုက်ခဲ့တာပါ။ Oct 26 ။ ပါတီ ဖျက်သိမ်းခံထားရတဲ့ NLD ပါတီ အနေနဲ့ ပြန်လည် မှတ်ပုံတင်မယ်ဆိုရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားကြောင်း BBC သတင်းဖေါ်ပြချက်အရ သိရပါတယ်။ တိုက်ပွဲတွေနဲ့ စစ်‌ကောင်စီတပ်ရဲ့‌ နေအိမ်မီးရှို့မှုကြောင့် နီးစပ်ရာ စစ်ဘေး‌ရှောင်စခန်းတွေမှာ […]