TikTok သည် အကြောင်းအရာ ဗီဒီယိုဖန်တီးသူ Creator များနှင့် သုံးစွဲသူအသိုင်းအဝိုင်းအတွက် လုံခြုံပြီး ယုံကြည်စိတ်ချရသော ပတ်ဝန်းကျင်ကို တည်ဆောက်ရန် ကတိပြုထားပါသည်။ ၂၀၂၄ ခုနှစ်တွင် TikTok ၏ မူဝါဒများကို ချိုးဖောက်သည့်အတွက် ဗီဒီယိုပေါင်း သန်း ၅၀၀ ကျော်ကို ဖယ်ရှားခဲ့ပြီး ဘေးကင်းရေးလုပ်ဆောင်မှုများတွင် ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့ကာ နောက်ထပ် ၂ ဘီလီယံကျော်ကို ပလက်ဖောင်းလုံခြုံရေးကို မြှင့်တင်ရန် ခွဲဝေချထားပေးမည့် အစီအစဉ်များလည်းရှိပါသည်။ ဤအစီအစဉ်ကို ပံ့ပိုးရန်နှင့် လူတိုင်းအတွက် အပြုသဘောဆောင်ပြီး အားလုံးပါဝင်နိုင်သည့် အတွေ့အကြုံများ ဖန်တီးနိုင်ရန်အတွက် အကြောင်းအရာဗီဒီယိုဖန်တီးသူ Creator များနှင့် သုံးစွဲသူများအနေဖြင့် မိမိတို့ မျှဝေသည့် အချက်အလက်များနှင့်ပတ်သက်ပြီး သတိရှိကြရန် အားပေးပါသည်။ TikTok ၏ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များတွင် ရည်ရွယ်ချက်ရှိရှိ […]