(၂၆-၁-၂၀၂၅ ရက်၊ ကူမင်း) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့သည် ကူမင်းမြို့ရှိ၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော တရုတ်နှစ်သစ်ကူးပွဲတော်တွင် ယဉ်ကျေးမှုအနုပညာပြခန်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာများဖြင့် ပါဝင်ဆင်နွှဲခဲ့ပါသည်။ အဆိုပါယဉ်ကျေးမှုပွဲတော်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးတို့အကြား စီးပွားရေး၊ လူမှုရေးပိုမိုတိုးတက်လာစေရန်၊ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်နှင့် ယဉ်ကျေးမှုဖလှယ်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယူနန်နိုင်ငံခြားရေးရုံးနှင့် ယူနန်ပြည်နယ်အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ မိမိတို့နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်သည့် အနုပညာပစ္စည်းများ၊ အစားအသောက်များကို ပါဝင်ပြသခဲ့ပြီး၊ အနုပညာဖျော်ဖြေတင်ဆက်မှု၌ နိုင်ငံအလိုက် မိမိတို့ရိုးရာ တေးသီချင်း၊ ယဉ်ကျေးမှုအကများဖြင့် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့်လည်း မြန်မာပြခန်း၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး၊ မြန်မာ့ရိုးရာလက်ဖက်သုပ်၊ ထိုးမုန့်နှင့် မြန်မာလက်ဖက်ရည်တို့ကို မိတ်ဆက်ပေးခဲ့ပြီး၊ […]
(၁၄-၁၂-၂၀၂၄၊ ချုံချင့်) မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြူနီစီပယ် မြို့၊ ယွီကျုံးခရိုင်အစိုးရ တို့ပူးပေါင်း၍ “ အနုပညာဖြင့် ပေါင်းစည်းဆက်သွယ်- မြန်မာပြည်မှ ချုံချင့်သို့” ခေါင်းစဉ်ဖြင့် ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲအား ၁၄-၁၂-၂၀၂၄ ရက်တွင် ချုံချင့်မြို့ရှိ အနုပညာပြဇာတ်ရုံ၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အခမ်းအနား၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ယွီကျုံးခရိုင် ဒုတိယမြို့တော်ဝန် Mr. Lai Liang တို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြပြီး၊ ချုံချင့်မြူနီစီပယ်မြို့၊ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu ၊ ချုံချင့်နိုင်ငံခြားရေးရာဌာန၊ ယွီကျုံးနိုင်ငံခြာရေးရာဌာန၊ ချုံချင့်ယွီကျုံးခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုကော်မတီနှင့် အခြား အစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် ပြည်ပကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စားလှယ်များ တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံ၊ […]
သျှမ်းပြည် လားရှိုးနှင့် နမ္မတူမြို့အကြားရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပြီးသော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့် မရသေးဘဲ ဖောင်ဆိပ်တွင် ဖြတ်သန်းခ ဈေးအဆမတန် ပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၉ ရက်) နံနက်ပိုင်းမှ စတင်၍ လားရှိုး-နမ္မတူ လမ်းမကြီးပေါ်ရှိ အီနိုင်းတံတားကို ညီနောင်မဟာမိတ်တပ်များက ပြန်လည်ပြုပြင်ပေးပြီးနောက် နမ္မတူမြို့နှင့် မန်စံကျေးရွာအုပ်စုများဘက်မှ ယာဉ်ငယ်နှင့် ခရီးသည်များ တံတားဖြတ်ကူးနိုင်သော်လည်း ယာဉ်ကြီးများ ဖြတ်သန်းခွင့် မရသေးဘဲ ဖောင်ဆိပ်တွင် ဈေးအဆမတန် ပေးဆောင်နေရကြောင်း ခရီးသွားများက ပြောသည်။ “နမ္မတူနဲ့ မန်စံဘက်ကတော့ လားရှိုး လာလို့ရတယ်။ အသွားအလာကတော့ အရင်လို မဟုတ်တော့ဘူးပေါ့၊ လူကြဲပြီး ကားနည်းတယ်။ ယာဉ်ငယ်ကတော့ တံတားဖြတ်လို့ရတယ်။ ကုန်ကားဆိုရင် ဖောင်ဆိပ်က ဖြတ်ရတော့ ကားခ ၁ သိန်းခွဲကနေ […]