ylliX - Online Advertising Network

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

https://www.youtube.com/watch?v=K8bftNDxR3E  #Daily_NewsPublished 4 January 2025 ၁။ ဒီဇင်ဘာအတွင်း ငွေတောင်ကမ်းခြေသို့ ခရီးသွားလေးသောင်းကျော်လာရောက်လည်ပတ် ၂။ ကိုးလတာအတွင်း မြေဩဇာတန်ချိန် ၁၄ သိန်းကျော်နှင့် ပိုးသတ်ဆေးတန်ချိန် နှစ်သောင်းကျော်တင်သွင်းခဲ့ ၃။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ငါးရက်ကြာ ကျင်းပမည် ၄။ ရာသီဥတုဖောက်ပြန်မှုနှင့် မိုးခေါင်ရေရှားမှုတို့ကြောင့် ဗီယက်နမ်နှင့်ဟွန်ဒူးရပ်စ်တို့၌ကော်ဖီအထွက်နှုန်းကျဆင်း … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link

Tom Cruise ရဲ့ “Edge of Tomorrow” ရုပ်ရှင်ထဲကနဲ့ တူတဲ့ စက်ရုံ ဝတ်စုံ လာပြီ – MyTech Myanmar

Skip to content အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါမှ Institute for Human and Machine Cognition (IHMC) မှ ပညာရှင်တွေက Tom Cruise ရဲ့ နာမည်ကြီး “Edge of Tomorrow” ရုပ်ရှင်ထဲကနဲ့တူတဲ့ စက်ရုပ် ဝတ်စုံကို စမ်းသပ်လိုက်ပါတယ်။ အဲဒီ စက်ရုပ်ဝတ်စုံကို Eva လို့ အမည်ပေးထားပြီး IHMC ဟာ လက်တွေ့ကမ္ဘာမှာ တကယ် အလုပ်ဖြစ်သလား ဆိုတာကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ Eva ကို အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်အခြေအနေတွေမှာ အလုပ်လုပ်သူတွေအတွက် ထောက်ကူဖို့ ရည်ရွယ် တည်ဆောက်ထားတာ ဖြစ်ပြီး လေးလံတဲ့ အရာဝတ္ထုတွေကို သယ်ဆောင်နိုင်ပါတယ်။ IHMC က Eva ဟာ […]

တောင်ကိုရီးယားမှာ ရဲ နဲ့ စစ်တပ် ထိပ်တိုက်တွေ့နေကြပြီ

ဇန်နဝါရီ – ၃ ( သောကြာနေ့ )  ဒီကနေ့မနက် အစောပိုင်းက တောင်ကိုရီးယားသမ္မတကို ဖမ်းဖို့လာတဲ့ ရဲတွေကို စစ်တပ်ကတားဆီးပြီး ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ နိုင်ငံတော် အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေး ကြေညာခဲ့လို့ လွှတ်တော်က စွတ်စွဲပြစ်တင်ခံထားရပြီး ဆိုးလ်တရားရုံးက နိုင်ငံတော်မတည်မငြိမ်ဖြစ်စေမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုကို အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးရုံး( CIO)က တာဝန်ရှိ ရဲအရာရှိတွေက ဒီနေ့မနက်အစောပိုင်းမှာ လာရောက်ဖမ်းဆီးတာကို သမ္မတလုံခြုံရေးစစ်တပ်( PSS) က တာဆီးပြီး သမ္မတအိမ်တော်ရာအတွင်းသို့ ဝင်ရောက်ခြင်းအား ပိတ်ဆို့ထားပါတယ်။  တောင်ကိုရီးယားရဲနဲ့ စစ်တပ်တို့ ထိပ်တိုက်တွေ့ဆုံမှုက မကြုံစဖူးတင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ထောင်နှင့်ချီသော သမ္မတကို ထောက်ခံသူများက ယွန် ၏နေအိမ်အနီးတွင် စုဝေးခဲ့ကြပြီး ဖမ်းဆီးရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့ပါတယ်။ ကြာသပတေးနေ့ကလည်း ဆန္ဒပြသူ […]

Telegram ရဲ့ ခြေလှမ်းအသစ် – Anycall Blog Website

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 က 𝐔𝐬𝐞𝐫 𝐀𝐜𝐜𝐨𝐮𝐧𝐭, 𝐂𝐡𝐚𝐭 တွေအတွက်  𝐒𝐜𝐚𝐦𝐬 နဲ့ အချက်အလက်အမှားတွေကို လျှော့ချဖို့အတွက် 𝐅𝐞𝐚𝐭𝐮𝐫𝐞 အသစ်တစ်ခုကို 𝐋‌𝐚𝐮𝐧𝐜𝐡 လုပ်လာပါတယ်။ ဒီ 𝐅𝐞𝐚𝐭𝐮𝐫𝐞 ကို 𝐓𝐡𝐢𝐫𝐝 𝐏𝐚𝐫𝐭𝐲 အနေနဲ့အသုံးပြုမယ်ဆိုရင်  အသိအမှတ်ပြုတဲ့အနေနဲ့  𝐀𝐜𝐜𝐨𝐮𝐧𝐭 ရဲ့ရှေ့မှာ 𝐋𝐨𝐠𝐨 လေးထည့်ပေးမှာပါ။ အဲ့ဒီ 𝐏𝐫𝐨𝐟𝐢𝐥𝐞 ကို ဖွင့်လိုက်ရုံနဲ့ 𝐀𝐜𝐜𝐨𝐮𝐧𝐭 𝐬𝐭𝐚𝐭𝐮𝐬 အပြင် 𝐀𝐜𝐜𝐨𝐮𝐧𝐭 နဲ့  ပတ်သက်သမျှကို အသေးစိတ်ဖော်ပြမှာပဲဖြစ်ပါတယ်။ Source link

Apple ရဲ့ နောက်ထွက်မယ့် တန်ဖိုးနည်း iPhone ကို iPhone 16E လို့ အမည်ပေးထားမည် – MyTech Myanmar

Skip to content Apple ဟာ ၂၀၂၅ ခုနှစ် မတ်လမှာ စတုတ္ထမြောက် iPhone SE ကို ကြေညာတော့မှာ ဖြစ်ပေမယ့် မကြာခင်က သတင်းအရ အဲဒီဖုန်းမှာ SE Branding ကို ဖြုတ်ထားမှာ ဖြစ်ပါတယ်။ အဲဒီဖုန်းကို iPhone 16E လို့ နာမည်ပေးထားနိုင်ပါတယ်။ Fixed Focus Digital က Apple ဟာ တန်ဖိုးနည်း iPhone အသစ်ကို iPhone 16E လို့ နာမည်ပေးထားမယ်လို့ ပြောပါတယ်။ အဲဒီဖုန်း ဒီဇိုင်းဟာ iPhone 14 နဲ့ တူညီနိုင်ပါတယ်။ 6.1” OLED Display ပါလာနိုင်ပြီး အရင်မျိုးဆက် SE မော်ဒယ်တွေမှာ သုံးထားတဲ့ […]

တစ်နှစ်အတွင်း NUG ရဲ့ တောင်ပိုင်းတိုင်းစစ်ဒေသက မြို့ ၂မြို့အပါအဝင် တပ်ရင်းဌာနချုပ်တွေကို သိမ်းပိုက်ပြီး စိုးမိုးနယ်မြေ ချဲ့ထွင်နိုင်ခဲ့

၂၀၂၄ခုနှစ်အတွင်း မြို့ ၂မြို့အပါအဝင် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မဟာဗျူဟာမြောက် စစ်ဆင်‌ရေးများကို ဖော်ဆောင်နိုင်ခဲ့ပြီးအောင်မြင်မှုများကို ရရှိခဲ့သလို စိုးမိုးနယ်မြေ ချဲ့ထွင်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။၂၀၂၄ခုနှစ်အတွင်း ဖာပွန်မြို့ကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဇရပ်ကြီးမြို့ကိုလည်း တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းဌာနချုပ် (၂)ခုကိုလည်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် တပ်ရင်းဌာနချုပ် (၁)ခုကိုလည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကာ တပ်စခန်းကြီးငယ် (၂၀)ကျော်ကိုလည်း ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စိုးမိုးထိန်းချုပ် နယ်မြေတွေကိုလည်း ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ တောင်ငူလေတပ်စခန်းဌာနချုပ်ကို မဟာဗျူဟာမြောက်ပစ်မှတ်အဖြစ် (Rain Of Fire) စစ်ဆင်ရေးဖြင့် အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကာ ရန်ကုန်မြို့ မှော်ဘီလေတပ်စခန်းဌာနချုပ်ကိုလည်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ စစ်ဆင်ရေးဖော်ဆောင် တိုက်ပွဲဝင်မှုတွေကို ပြည်သူတွေရဲ့ အားပေးကူညီမှု၊ NUG ၊ […]

TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

https://www.youtube.com/watch?v=C3U85J8dnNk #Daily_NewsPublished 1 January 2025 ၁။ အဝေးပြေးယာဉ်လိုင်းများမှ တစ်ဆင့်ပို့ဆောင်သည့် ကုန်ပစ္စည်းများကိုဖွင့်ဖောက်စစ်ဆေးမည် ၂။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအသုံးပြု လိမ်လည်သူများကို အရေးယူမှုအရှိန်မြှင့်မည် ၃။ ပြည်တွင်းထုတ် စားဆီဈေးရောင်းပွဲတော်ကျင်းပမည် ၄။ ဆယ်စုနှစ်များစွာ ထိန်းချုပ်ထားနိုင်ခဲ့သည့် ကာလဝမ်းရောဂါဖြစ်ပွားမှုများပြားလာသဖြင့် WHO က အရေးပေါ်ကျန်းမာရေးအခြေအနေကြေညာ … အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ #YMG #Yangon_Times #Yangon_Media_Group Source link

ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး – iMyanmarHouse.com

နေအတော်မြင့်ပြီ။ ပုဆိန်ခုတ်သံတို့မှာ အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရပ်ရှ်တရာပြည်နယ်၊ Pachgaon ကျေးရွာအနီးရှိ ဝါးတောတခွင် ပဲ့တင်ထပ်နေသည်။ ခရစ်ကက်ကွင်းထက် ပိုမိုကြီးမားသည့် ဂိုဒေါင်ကြီးမှာ ဝါးစည်းတို့ဖြင့် ပြည့်နှက်နေသည်။ အရွယ်အစားအလိုက် သေသေသပ်သပ် စီရရီထားရှိထားသည်။ အနီးတွင် သစ်တော၏ အရောင်အတိုင်း ဆေးသုတ်ထားသော ပြတင်းပေါက်မရှိသည့် ရုံးခန်းငယ်တစ်ခု ရှိသည်။ Pachgaon ရွာလေးမှ ဆင်းရဲနုံချာသော ရွာကလေးအဖြစ်မှ ဆယ်စုနှစ်တစ်ခုအတွင်း ချမ်းသာကြွယ်ဝသော ရွာကြီးအဖြစ်သို့ ပြောင်းလဲသွားပုံမှာ အံ့အားသင့်ဖွယ်ပင်။ ရွာအနီးရှိ ဝါးတောကို ယခင်က ဒေသခံမျိုးနွှယ်စုပိုင်ဆိုင်ခဲ့သော်လည်း ကိုလိုနီခေတ်နှင့် ယင်းနောက်ပိုင်းတွင် ပိုင်ဆိုင်ခွင့် ဆုံးရှုံးခဲ့သည်။ မကြာသေးမီဆယ်စုနှစ်များကမူ ဒေသခံတို့ကို ပိုင်ဆိုင်ခွင့်ပေးသည့် ဥပဒေချမှတ်ခဲ့ပြီးနောက် Pachgaon ရွာလေးမှ ဆင်းရဲရာမှ ချမ်းသာလာခြင်းလည်း ဖြစ်သည်။   (Pachgaon ရွာလေးရှိ ဝါးသိုလှောင်ထားရှိရာနေရာမှာ သစ်တောက ရွာလေးအတွက် […]

ကွယ်လွန်သူ ကန်သမ္မတဟောင်း  Jimmy Carter ရဲ့ မြန်မာ့အရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ 

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတဟောင်း Jimmy Carter ကွယ်လွန်သွားပြီဖြစ်ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ရန်ကုန်-အမေရိကန်သံရုံးရဲ့ ကြေညာချက်မှာ- ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး အတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုဖေါ်ပြထားပါတယ်။ ဘာသာရေးကိုင်းရှိုင်းသူတဦးဖြစ်တဲ့ သမ္မတဟောင်း Jimmy Carter ဟာ တည်ကြည်ဖြောင့်မတ်မှု၊ သနားကြင်နာမှုနဲ့ မြဲမြံတဲ့ သန္နိဋ္ဌာန်တွေနဲ့ ပြည်သူ့တာဝန်တွေကို ထမ်းရွက်ခဲ့သလို မြန်မာနိုင်ငံအတွက် လည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေနဲ့ ပဋိပက္ခဖြေရှင်းရေးတို့ကို ရှေးရှုဆောင်ရွက်ပေးခဲ့ကြောင်း သံရုံးထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ Jimmy Carter ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပါဝင်ကူညီခဲ့တဲ့ ကမ္ဘာအနှံ့က နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အထင်ကရဩဇာကြီးသူတွေပါဝင်တဲ့ The Elders အဖွဲ့မှာ ပါဝင်သူတဦးလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလနဲ့ စက်တင်ဘာလတွေမှာ သူကိုယ်တိုင် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တွေ၊ အရပ်ဖက်အဖွဲ့အစည်း […]

ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်အင်အား ၈၀ ရှိ မယ်လယု တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးမှု လက်နက်ခဲယမ်းများနှင့် စက်ယန္တရာများ သိမ်းဆည်းရရှိ၊ စစ်တပ် ကာကင်းစခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက် – Khit Thit Media

ရှားတောမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်တွင် စစ်အင်အား ၈၀ ရှိ မယ်လယု တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးမှု လက်နက်ခဲယမ်းများနှင့် စက်ယန္တရာများ သိမ်းဆည်းရရှိ၊ စစ်တပ် ကာကင်းစခန်းတစ်ခုကိုလည်း တိုက်ခိုက်သိမ်းပိုက် ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ကရင်နီပြည်၊ ရှားတောမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လယုစစ်ကောင်စီတပ်စခန်းမှ စစ်ကောင်စီ တပ်သားများအားလုံး စခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများနှင့် စက်ယန္တရားများ သိမ်း ဆည်းရရှိခဲ့ကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီကျော်က ရှားတောမြို့နယ်၊ ဆိုးတရှားမြို့နယ်ခွဲရှိ မယ်လယု တပ်စခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရှမ်းပြည်နယ်ဘက်သို့ တပ်ဆုတ်သွား သ ဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဝင်ရောက်လုပ်ဆောင်ခဲ့ရာ ၆၀ […]